စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကော်မရှင် လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် ၄ ‌ယောက် သေဆုံးခဲ့တယ်လို့ Budalin Mobile Team က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၄ ရက် မနက်ပိုင်းက မုံရွာမြို့နယ် သာစည်လမ်းနဲ့ အက်တောအဝိုင်းပတ်မှာ အိမ်စီးကားနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် အရာရှိ ၃ ယောက်၊ ရဲတပ်သား ၁ ယောက်၊ စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း ကားပေါ်ကနေ G3 သေနတ် ၂ လက် ၊ ၉ မမ ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိ ရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၊ တပ်ခွဲ (၁) ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲနဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ) ၊ ကျောင်းသားတပ်တော် (SAF)၊ Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ရွာဇော်ကြီးတော်လှန်အသံ

0 Shares:
You May Also Like
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါးဇွန်မြို့နယ် မင်းနေကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းရှိ ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကို အောက်တိုဘာ ၅ ရက် ညနေပိုင်းက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွာမီးရှို့မယ့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၊ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွါသွား (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွှင်းဘိုရွာကို မီးရှို့ဖို့ ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၄ ရက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကြည့်မြင်တိုင်မှာ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး(ရုပ်/သံ)

ရန်ကုန်တိုင်၊  ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက် ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် မနေ့ ညနေပိုင်းက အမျိုးသား ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

လုံခြုံရေး အထူးတင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်တွင် NO VOTE လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က "NO VOTE" စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရမည်းသင်းတွင် ကားကို ဆိုင်ကယ်ဝင်တိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အမျိုးသား ၂ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။