မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle – CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၄) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို NMSP-AD / RMA ရဲ့ ဥက္ကဌ နိုင်ဇေယျ၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ သင်တန်းဆရာ သက်နိုင်လင်း၊ အခြားသင်တန်းဆရာတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
NMSP-AD / RMA ရဲ့ ဥက္ကဌ နိုင်ဇေယျ၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောနဲ့ သင်တန်းဆရာသက်နိုင်လင်းတို့က သင်တန်းဆင်းရဲဘော်တွေကို ခွန်အားဖြည့် အားပေးတဲ့ မိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်း ရဲဘော်တွေဟာ သင်တန်းကာလအတွင်း အခက်အခဲတွေကို ဇွဲ၊ လုံ့လ၊ဝီရိယတို့နဲ့ ကျော်ဖြတ်ခဲ့ရပြီး သင်တန်းကာလတလျှောက်လုံး စွမ်းဆောင်ရည်ကို ပြသတဲ့အနေနဲ့ စစ်ရေးသရုပ်ပြမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်(၁)ဦးအတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းက ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ဂုဏ်ပြုပွဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ၃ နှစ်ကျော် တပ်စွဲထားတဲ့ မဒေါင်းလှ ပျူစောထီးရွာကို PDF တွေ တိုက်ခိုက်သိမ်းပိုက်… စစ်သားနဲ့ပျူ တစ်ရွာလုံး ထွက်ပြေးသွားပြီး စစ်တပ်အရာရှိနဲ့ တပ်သား ၁၃ ယောက်၊ ပျူစောထီး ၁၈ ယောက် သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ၃ နှစ်ကျော် တပ်စွဲထားတဲ့ မဒေါင်းလှ ပျူစောထီးရွာကို PDF တွေက စက်တင်ဘာ ၁၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

လှိုင်းဘွဲမြို့နယ် ကျေးနယ် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းကောက်ခံဖို့ အတင်းအဓမ္မတောင်းဆို

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာရုံးမှာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက် က ၊ ဃ အုပ်ချုပ်ရေးမှူးတွေနဲ့ ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကေမာ့လဲ၊ တခြက္ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တေခးလို ကျေးနယ်အုပ်ချုပ်ရေးမှူးတွေ ခေါ်ယူပြီး လုံခြုံရေး အစည်းအဝေးနဲ့ မြို့နယ်ထွေအုပ်ရုံးမှာ စစ်မှုထမ်းခြင်း အကြောင်းအရာဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဇန်နဝါရီ ပထမလဝက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၉) ယောက် လက်နက် (၂၄) လက်နဲ့တကွ အလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလ ပထမလဝက်အတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၉)ယောက် အလင်းဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။