တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်း ကာကွယ်ရေးတပ်သားတစ်ယောက် ကျဆုံးသွားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ – ဇုန် ထံက သိရပါတယ်။

အောက်တိုဘာ ၃ရက်နေ့က ကမ်းတိုကျေးရွာ (ဒေသအခေါ်) ဖိုးဒါးမမှာ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာ တနင်္သာရီမြို့နယ် ပကဖ – ဇုန် တပ်ဖွဲ့က တပ်သား ရဲဘော် ဖေမြင့် ထိမှန်ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“တချို့အချက်အလက်တွေက လုံခြုံရေးအရ ဖြေလို့မရဘူး။ အဲဒီပေါ်မှာ တိုက်ပွဲသတင်းကတော့ တချို့ သတင်းရင်းမြစ်ဆီက ထွက်လာတာရှိတယ်။ အခြေခံတာကတော့ ကမ်းတို၊ တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာမှာ ဖြစ်ပွားတာ။ ရဲဘော်တစ်ဦး ကျသွားတာရှိတယ်” လို့ တနင်္သာရီမြို့နယ် ပကဖ – ဇုန် ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။


စိတ်နေစိတ်ထား ရိုးသားသူတစ်ယောက်ဖြစ်တဲ့ ရဲဘော်ဖေမြင့်ရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၄ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး ၄ နှစ်ကျော်ကာလအတွင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် ပကဖ – ဇုန်တပ်ဖွဲ့ဝင် အခုလိုကျဆုံးတာဟာ ရဲဘော် ဖေမြင့်က ပထမဆုံးဖြစ်ကြောင်းလည်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးရာနယ်မြေတွေမှာ ရေဘေးသင့်ပြည်သူတွေကို NUG အစိုးရက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ ရေဘေးသင့်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

ပခုက္ကူ -ကမ္မ -‌ ရေပြာလမ်းပိုင်းနှင့် ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦး အလင်းဝင်လာ

မကွေးတိုင်းအတွင်း ပခုက္ကူ-ကမ္မ-‌ ရေပြာလမ်းပိုင်းနဲ့ ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။