မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် စစ်အုပ်စု ကျင်းပတဲ့ သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဂန့်ဂေါခရိုင် အားကစားကွင်းထဲမှာ စစ်ကော်မရှင် ကျင်းပပြုလုပ်တဲ့ သီတင်းကျွတ်ဂီတပွဲတော် ၂ရက်မြောက်နေ့ ဒီညနေ ၆နာရီခွဲလောက်မှာ ဗုံးသံလိုမျိုး ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပေါက်ကွဲတဲ့အသံအမျိုးအစားကတော့ ရှော့တိုက်ဒုံးလို့ ယူဆရပါတယ်။ ဘယ်အဖွဲ့ကလဲဆိုတာ အတည်ပြုဆဲပါဗျ။ ပွဲပျက်လို့ ဂန့်ဂေါ ခလရ ၅၀ ဗျူဟာမှူး ဒေါပွနေတာပါ” လို့ ဂန့်ဂေါမြောက်ပိုင်း ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလို မြို့ပေါ်မှာ ပေါက်ကွဲသံ ကြားပြီးတဲ့နောက် စစ်ကော်မရှင်တပ်က မြစ်သာမြစ် အနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဇဟောရွာထဲ ကျရောက်ပေါက်ကွဲကာ ပြည်သူတယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဒဏ်ရာရသွားတဲ့သူက မစိုးရိမ်ရပါဘူး။ အရင်နှစ်တွေကလည်း အခုလို ပွဲလုပ်တယ်၊ သီချင်းပွဲတော့ မပါဘူး။ အကတို့ဘာတို့တော့ ပါတယ်။ သီတင်းကျွတ်ပွဲမှာ အနုပညာရှင်ဘာညာ ငှားမယ်ဆိုပြီး စခ ဘမောင်က တမင် ဂျင်းသတင်းကို ရည်ရွယ်ချက်ရှိရှိ လွှင့်ခဲ့တာ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

အောက်တိုဘာ ၅ရက်နေ့ကလည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်က စစ်ကော်မရှင်တပ်သားတွေဟာ သီတင်းကျွတ်ပွဲတော်အတွက် မြို့နီးနားပတ်လည် နေရာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်(၃၀၀) ဗုံး (၂) လုံး အပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ရာ ဒေသခံ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး (၂) လုံးအပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

Justice Soldier PDF ရဲ့ စနိုက်ပါတပ်ဖွဲ့ရဲ့ လေ့ကျင့်နေတဲ့ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF ရဲ့ စနိုက်ပါတပ်ဖွဲ့က တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့နဲ့ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် လေ့ကျင့်နေတဲ့ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ ပျုစောထီးမိသားစု ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပြည်နယ်နှင့် ယူနစ်များကို လေကြောင်းတိုက်ခိုက်လေ့ရှိသည့် လေဆိပ်နှင့် လေယာဉ်အမျိုးအစားများကို EAR နှင့် မိတ်ဖက်များ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။