ဒီနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အခါသမယ ရက်မြတ်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရိုးရာဓလေ့ ယဥ်ကျေးမှု ကန်တော့ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခင်ဦးမြို့နယ် ပအဖ၊ ပကဖ ဌာနအတွင်း အသက်ဂုဏ်ဝါ ကြီးမြတ်တဲ့ ဆရာသမားတွေနဲ့ အကြီးအကဲတို့ကို မြို့နယ် ပအဖ ရေးရာဌာနတွေရဲ့ တာဝန်ခံတွေ၊ ပကဖ EC အဖွဲ့တွေ၊ တပ်စိတ်မှူးတွေ၊ ပကဖ ရဲဘော်/ ရဲမေတွေက ပြည်သူ့တော်လှန်ရေး လုပ်ငန်းစဥ်မှာ ပါဝင်ဆောင်ရွက်နေရင်း ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ ကံသုံးပါးမှာ တစ်ပါးပါးနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပေးဖို့ ရှိခိုးဦးခိုက် ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။

ကန်တော့ပွဲအခမ်းအနားမှာ မြို့နယ် ပအဖ နာယက (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ မြို့နယ် ပကဖ တာဝန်ခံ၊ သယံဇာတ တွဲဘက်အတွင်းရေးမှူး၊ တရားရေးဥက္ကဋ္ဌ၊ လူသားစာနာ၊ အကျဥ်းတာဝန်ခံနဲ့ အကြီးအကဲတွေက ကန်တော့ခံပြီး ဆုံးမ သြဝါဒတွေနဲ့ ဆုတောင်း မေတ္တာတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။ “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ နေပြည်‌တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် က တိုက်ခိုက်ရေးရဲဘော်တွေဟာ ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၄) မှ ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းမြေ့အောင်ရဲ့ စျာပနမှာ အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။