ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၂၄ ရက်မှာ ကျောက်မဲမြို့ကနေ ၁၀ ကီလိုမီတာ ခန့်ကွာဝေးတဲ့ လယ်တဲမှာ တိမ်းရှောင်နေတဲ့ အရပ်သား ၄ ယောက်ကို သတ်ဖြတ်ခဲ့ကာ အဲ့ဒီထဲက အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၃၀ ခန့်ရှိ ဘုန်းကြီး ၊ အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် သမီး၊ အသက် ၁၂ နှစ်အရွယ် သားငယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ရဲ့ရုပ်အလောင်းကို နောက်နေ့မနက်မှာ တွေ့မြင်ခဲ့တဲ့ သေဆုံးသူ မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက “ကျနော်တဲကိုပြန်ရောက်တော့ ကျနော့်မိန်းမကို ရင်ဘတ်မှာ ကျည်ရာနဲ့ မြေပေါ်လဲနေတာတွေ့တယ်၊ သားကလည်း သူ့ဘေးမှာလဲနေပြီး သွေးတွေရွှဲနေတာ၊ သမီးရဲ့အ၀တ်အစားတွေကိုလည်း မြေပေါ်မှာတွေ့တယ်၊ သူ့အလောင်းကိုကျ အ၀တ်အစားတွေမပါဘဲ တဲထဲမှာတွေ့တယ်၊ သူမက အဓမ္မကျင့်ပြီးအသတ်ခံရတာ ဘေးမှာလည်း မြန်မာစစ်တပ်ရဲ့ ၀တ်စုံ နဲ့ (သေနတ်ပြောင်းခေါင်း)တွေလည်း တွေ့တယ်”လို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ကျောက်မဲမြို့သိမ်း စစ်ဆင်ရေးကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လကစလို့ ကျောက်မဲမြို့နယ်ကနေ ရွာသား ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေသည့် ကန်နီပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။ 
Read More

ကမ္မ-ပေါက်လမ်းပိုင်းရှိ ဆေးခန်း ၁ခု လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသား၂ ဦး ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့က ဆေးပေးခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့(မေ ၁၈) မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား၂ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အညာ​မြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။