စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ပကဖ ရဲဘော်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်အချိန်အခါသမယမှာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရွှေဘိုမြို့နယ် ပကဖ အဖွဲ့ဝင် အာဇာနည်သူရဲကောင်းရဲဘော် (၁၂၃) ယောက်ကို ရည်စူးပြီး အောက်မေ့ဖွယ် တရားနာကုသိုလ်ပြု အခမ်းအနားကို ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF အနေနဲ့ တည်ထောင်ခြင်း(၄)နှစ်ပြည့်တဲ့ မနေ့က စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလည်း ၁၀ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်များအပါ ၂၂ ဦးထက်မနည်း သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ “တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ် ဂျက်ဖိုက်တာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက်အပါ ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ (၁၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီကြောင့် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။