စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ အိမ်တိုင်းရဲ့ ပြတင်းပေါက်၊ အိမ်ရှေ့ဝင်းတွေ၊ အလေးအမြတ်ထားရတဲ့ ရင်ပြင်နေရာတွေမှာ ဆီမီးတွေ ထွန်းညှိခြင်းအားဖြင့် လူထုဆန္ဒ ၃ ရပ်ကို ဖော်ထုတ်လှုပ်ရှားကြတာဖြစ်တယ်လို့ သိရပါတယ်။

လူထုဆန္ဒ ၃ ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မယ့်လမ်းကို ဖော်ဆောင်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေကို လောင်ကျွမ်းဖျက်ဆီးရေးနဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ချွင်းချက်မရှိ သပိတ်မှောက် ဆန့်ကျင်ရေးတို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆီမီးတိုင်းက ထွန်းညှိတဲ့ ရည်မှန်းချက် ၃ ရပ်ကတော့ လွတ်မြောက်ခြင်းမီးလျှံ၊ အကျဉ်းထောင်နံရံ ထိုးဖောက်၊ လူထုမီးတောက်နဲ့ တရားမျှတမှုကို ဖော်ဆောင်တဲ့ အလင်းသပိတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝေါနှင့် ရွှေကျင်မှာ စစ်ကောင်စီတပ်ကို စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ထိမှန်ခဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် ထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီးတစ်ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၆ ယောက် ဖမ်းဆီးရမိ

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် လှည့်ကင်းထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၅၄ ဦး အလင်းဝင်လာ၊ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိ

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ယောက်နဲ့ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။