ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

အခမ်းအနားကို အထူးတိုင်းစစ်ဌာနက တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား၊ စစ်ထောက်အရာရှိ ရဲဘော်ကွီးသောင်း၊ တိုင်းဆေးတာဝန်ခံ ဒေါက်တာဒေဝ၊ အမှတ် (၃၆) နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ ပဲခူးတိုင်းပကဖ ထောက်လှမ်းရေးအရာရှိ ရဲဘော်စောဘီလူး၊ ပဲခူးခရိုင် ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင်နဲ့ ခရိုင်တာဝန်ခံတွေ၊ သက်ဆိုင်ရာ မြို့နယ် ပကဖ တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ရဲဘော်အောင်စံရှားက အဖွင့်မိန့်ခွန်းပြောကြားရာ သက်ဆိုင်ရာတာဝန်ရှိသူတွေက တော်လှန်ရေးခရီး ကြာရှည်လာတာနဲ့အတူ အခုလို စနစ်ကျတဲ့စုဖွဲ့မှုကို စီစဉ်ဆောင်ရွက်မှုအတွက် အားရကျေနပ်မိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲဘော်အောင်စံရှားက PDF နည်းတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ စစ်သည်တော်ကျင့်ဝတ်တွေ (Code Of Contacts) ၊ အမိန့်နာခံတတ်မှု (Change Of Command) တို့ကို အရေးကြီး ဦးထိပ်ပန်ဆင်ရမယ့်အပြင် လက်နက်/ခဲယမ်း၊ အရင်းအမြစ်တွေ မျှဝေသုံးစွဲရေး၊ ရိက္ခာနဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေ ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုးမောင်က ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ပဲခူးခရိုင်ပကဖ စစ်ကြောင်းဟာ အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအတွင်းရှိ ဝေါ၊ ကဝ၊ သနပ္ပင်၊ ပဲခူး (အင်းတကော်၊ ဘုရားကြီး၊ပဲခူး) မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ပေါင်းစည်းထားတဲ့ စစ်ကြောင်းဖြစ်ပြီး PDF တပ်ရင်း/စစ်ကြောင်းစုဖွဲ့မှုအတိုင်း လက်ရုံးတပ်ဖွဲ့တွေပါ ပြည့်စုံအောင် စုဖွဲ့လေ့ကျင့်ထားကာ စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မုံရွာ- မန္တလေးလမ်းပေါ်က မြင်းမူမြို့နယ်ထဲအ​ရောက်မှာ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ယောက်သေပြီး ၆ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း BLDF-တပ်ခွဲ(အညာမိုင်း)တပ်ဖွဲ့ထံက သိရပါတယ်။ အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ဘက်ကနေ…
Read More

မျှော်စင်ပေါ် ကင်းစောင့်နေသည့် ပျူစောထီး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးတစ်ယောက် မျှော်စင်မှာ ကင်းစောင့်နေချိန် စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဗစ်တာ‌ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။