ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၄ ရက် မနေ့ညပိုင်းမှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာသုံးပြီး သီပေါမြို့ ဇတ်စုရပ်ကွက်ကို ၁ လုံး၊ အထက (၂) စာသင်ကျောင်းကို ၁ လုံးနဲ့ ကျောင်းစုရွာ ဘဏ္ဍာကျောင်းကို ၂ လုံး၊ စုစုပေါင်း ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၃ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၄ ရက်နေ့ တစ်ရက်တည်းမှာပဲ သီပေါမြို့ မန်ဟဲရွာ၊ အုံမုရွာ၊ ကျင်သီရွာနဲ့ ဇတ်စုရပ်ကွက်တို့ကို ပြည်သူလူထုဆီ ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာကိုလည်း စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ယောက် သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို ပြည်သူလူထုဆီ ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်း TNLA က တိုက်တွန်း အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာကို ဂျက်ဖိုင်တာလေယာဉ်နဲ့ စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီမနက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ် ပအဖ ၏ သီတင်းကျွတ်လပြည့် ကန်တော့ပွဲ အခမ်းအနား

ဒီနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အခါသမယ ရက်မြတ်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရိုးရာဓလေ့ ယဥ်ကျေးမှု ကန်တော့ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေသည့် ကန်နီပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
Read More

ပြည်သူများကို စေတုတ္တရာ ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့

နိုင်ငံတကာမှာ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။