ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့က စစ်တပ်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) တွေရဲ့စစ်ရေးလှုပ်ရှားမှု ၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ရက်နေ့ကစလို့ ၃၀ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်းက ကျောက်တံတား၊ ဗဟန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(အနောက်ပိုင်း) ၊ လှည်းကူး၊ လှိုင်သာယာနဲ့ ကော့မှူးမြို့နယ်တွေမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အထက်ပါမြို့နယ်တွေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးဂိတ်တွေအပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်ရုံး၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ရဲစခန်းတို့ကို ပြောက်ကျားတပ်ဖွဲ့ဝင်(UG) တွေက လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်း၊ လက်လုပ် ပြင်းအားမြင့်မိုင်းစတာတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

Rangoon Scout Network ကတော့ စက်တင်ဘာလအတွင်း သူတို့အတည်ပြုလို့ရတဲ့ မြို့ပြစစ်ရေးဖော်ဆောင်မှု ၈ခု ရှိကြောင်းနဲ့ လက်ရှိအချိန်အထိ အတည်ပြုလို့မရသေးတာ ၂ခုရှိကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေအရ အကြမ်းဖက်စစ်အုပ်စုရဲ့အတု​အယောင် ရွေးကောက်ပွဲအပိုင်း(၁) စတင်ဖို့သိပ်မကြာတော့တဲ့ အခြေအနေမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဘက်ကလည်း ရန်ကုန်မြို့လယ်ခေါင်ပါမချန် စစ်တပ်ထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

“မြို့လယ်ခေါင်တွေမှာ လုံခြုံရေးတင်းကြပ်လွန်းတာမို့ စွန့်စားမှုက တော်တော်ကြီးပါတယ်။ ဒါတွေကို UG တွေလည်း သိပါတယ်။ သိသိလျက်နဲ့ကို လွတ်ရင်လွတ်သလို လှုပ်ရှားနေကြတာပါ။ စကမ က သူ့​အောက်ကထောက်တိုင်တွေကို ရွေးကောက်ပွဲအတွက် အတင်းတွန်းအားပေးလာသလို UG တွေကလည်း နည်းလမ်းမျိုးစုံနဲ့ ပိုပြီးတိုက်ခိုက်လာကြပါတယ်။ သူတို့အရေးထားတဲ့ လူတွေ နေရာတွေ တိုက်ခိုက်တာခံရတယ်ဆိုရင်တော့ ချက်ချင်းဆိုသလို ရှိသမျှအင်အားတွေထုတ်သုံးပြီး လိုက်လေ့ရှိပါတယ်။ အဲ့လိုကေ့စ်တွေဆို အောက်ကလူတွေမှာလည်း အထက်က ထောင်းမှာကြောက်တာကြောင့် အသည်းအသန်လိုက်တတ်ကြတယ်။ ဒီအတွက် UG တွေအဖို့ တော်တော်လေး စွန့်စားရမယ်ထင်ပါတယ်။” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စက်တင်ဘာလအတွင်း ရန်ကုန်မြို့ပြ စစ်ရေးဖော်ဆောင်မှုတွေကို အနောက်ပိုင်းခရိုင်ပကဖ၊ ကြည့်မြင့်တိုင်ပကဖ၊ လသာပကဖ၊ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Opertain Flame ၊ Yangon Army ၊ Yangon UG People Army ၊ Freeland Attack Force (FLA) ၊ Broken System နဲ့ မြို့ပြကြွက်ကွန်ယက်စတဲ့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅နဲ့ ၃၀ရက်နေ့တွေမှာ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရွှေပေါက္ကံမြို့သစ်၊ ၂၂ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့လို စစ်တပ်အလုပ်တွေ စိတ်နှစ်ကိုယ်နှစ်လုပ်ပေးနေကြတဲ့ အုပ်ချုပ်ရေးမှူးနဲ့ လက်အောက်ခံ ပျူစောထီး လူမိုက်တွေရှိရာနေရာတွေကို Yangon Army အဖွဲ့က လက်ပစ်ဗုံးတွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

“အခုအခြေနေမှာ ရပ်ကွက်ရုံးတွေကို စစ်ရေးဖော်ဆောင်မှု လုပ်ကိုလုပ်ရမယ့် အနေအထားမှာပါ။ အဲ့ဒီရုံးတွေကအဓိကပဲ။ စကမအတွက် စစ်မှုထမ်း လူစုဆောင်းပေးတာ၊ ငွေညှစ်တာနဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် ရပ်ကွက်နေပြည်သူ​တွေကို ဖိအားပေါင်းစုံပေးတာတွေ လုပ်နေကြတာလို့ သိရပါတယ်ပေါ့။ အရမ်းဆိုးရွားလွန်းတဲ့ အုပ်ကြီးတွေကိုလည်း အစဥ်​လိုက်ဆိုသလို တိုက်ခိုက်သွားမှာပါ။ အခုက ခြောက်လှန့်တဲ့အချိန်က ပြီးသွားပါပြီ။ ထိခိုက်အောင်ပဲ တိုက်ခိုက်ပါတယ်။..ထိခိုက်မှုအဖြေကတော့ သတင်းဘယ်လောက်ဖုံးဖုံး သူတို့ကိုယ်သူတို့ အသိဆုံးပါ။ မိုးတွင်းလုပ်ရတော့ ပိုခက်ခဲပါတယ်။ ဗုံးသီးတွေဘာတွေကမကွဲဘဲ မအောင်တာတွေရှိတယ်ပေါ့။ နောက်ပြီး မစ်ရှင်တစ်ခုပြီးသွားလို့ ရဲဘော်တွေ ပြန်လာတိုင်း မိုးမိပြီး ဖျားကြလွန်းလို့ ဆေးကုရပါတယ်” လို့ Yangon Army(YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်း ဗဟန်းမြို့မရဲစခန်း၊ မြောက်ဒဂုံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ယာဥ်ထိန်းရဲရုံး၊ အရှေ့ဒဂုံ ၁၂၄ ရပ်ကွက်ရုံးတွေကို တိုက်ခိုက်ခဲ့တဲ့ Operation Flame အဖွဲ့တာဝန်ရှိသူကလည်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“လူတွေရဲ့ အတွင်းစိတ်ကို သေချာမသိနိုင်ပေမယ့် အမြင်အရတော့ ရေပေါ်ဆီများလာတယ်လို့ တွက်ဆရမှာပေါ့ဗျာ။ ဒါပေမယ့် သူတို့ အတွင်းစိတ်ထဲတလရ အတွက် ဘာတွေ လုပ်နေတယ်ဆိုတာတော့ မသိနိုင်ဘူးပေါ့။ ရေပေါ်ဆီများလာတာနဲ့အမျှ စကမရဲ့ ပေါ်တာတွေများလာတာနဲ့အမျှ အခြေခံလူငယ်တွေရဲ့ အသက်တွေ ရင်းလာနေရတာလည်း များလာတယ်။ တွေ့နေရတော့ စိတ်မကောင်းစရာတွေပေါ့။ တကယ်တော့ တကိုယ်ရည်စာ ကိုယ်လွတ်မရုန်းဘဲ စကမကို အားလုံးအင်တိုက်အားတိုက်နဲ့ တော်လှန်မယ်ဆိုရင်တော့ ကျနော်တို့ တော်လှန်ရေးက ၆ နှစ်ဆိုတာမျိုး ရှိမလာဘူးဆိုတာ ယုံကြည်ပါတယ်” လို့ မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

ရေဦး ပကဖ ဆီ စစ်ကောင်စီရဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်၊ ရေဦး ပကဖ က သိန်း ၅၀ ဆုချီးမြှင့်…

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့၊ အသက် ၇၀ ကျော် အဘွားအိုကို အဓမ္မ ပြုကျင့်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၂၄ ရက်မှာ လောင်းလုံးမြို့ပေါ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။