မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၄ ရက် ညနေပိုင်းက မန္တလေး-မုံရွာလမ်းမှာ ခရီးသွားပြည်သူတွေအပေါ် အနိုင်ကျင့် ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဆီ ထပ်မံရောက်ရှိလာတဲ့ တပ်ကူတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၄) 5/ Teacher Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃)၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၄) TSG တပ်ရင်း ChinDwin Fighter Group တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

Video – မုံရွာခရိုင် အမှတ် ၄ တပ်ရင်း

0 Shares:
You May Also Like
Read More

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများမှတစ်ဆင့် သိရပါတယ်။
Read More

လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူအတွက် မိသားစုဝင်တစ်ယောက်ရဲ့ ရင်တွင်းစကား (ရုပ်/သံ)

လားရှိုးမြို့မှာ စစ်ကောင်စီက အကြမ်းဖက်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့တဲ့ မအေးမိစံနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝမ်းနည်း‌ကြေကွဲဖွယ် ရင်တွင်းခံစားချက်များဆိုတဲ့ ရုပ်သံကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး ဖေ့ဘွတ်ခ်စာမျက်နှာကတဆင့် ဖော်ပြခဲ့ပါတယ်။
Read More

TGYR-‌‌ ပြောက်ကျားတပ်ဖွဲ့ ရဲ့ စက်သေနတ် စမ်းသပ်ပစ်ခတ်မှု (ရုပ်/သံ)

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်က ဒေသကာကွယ်ရေးတစ်ခု ဖြစ်တဲ့ TGYR ပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ဝယ်ယူထားတဲ့ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ စက်သေနတ်ကို စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းကို ရုပ်သံနဲ့တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

မြိုင်တွင် ပြည်သူပိုင်ပစ္စည်း ခိုးယူနေသည့် စစ်အုပ်စု အလစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၁ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တရုတ်တွင် စက်ရုပ်က လူကို တိုက်ခိုက်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ

တရုတ်နိုင်ငံမှာ Unitree က ထုတ်လုပ်တဲ့ စက်ရုပ်ဟာ ချွတ်ယွင်းမှုဖြစ်ပြီး coding ရေးနေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းပြည်နယ်အလံ လွှင့်တင် (ရုပ်/သံ)

ချင်းပြည်နယ်အတွင်း ချင်းညီနောင်တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ရဲ့ ဒုစစ်ဦးစီးချုပ်က ချင်းပြည်နယ်အလံ လွှင့်တင်တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။