ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ပတောင်ရဲတပ်ဖွဲ့က ရောက်ရှိချိန်မှာ အသက် ၃၈ နှစ်အရွယ် ဇော်မင်းဝင်း ဟာ သူ့ရဲ့ အငှားအိမ်ခန်းအပြင်ဘက်မှာ ပြင်းထန်တဲ့ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျနေတာကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးသမားတွေက အရေးပေါ် CPR ကုသမှုပေးပြီး ပတောင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ကယ်ချိန်မမီဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

အင်္ကျီမပါဘဲ ဘောင်းဘီအနက်ရောင် ဝတ်ဆင်ထားတဲ့ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာများစွာ တွေ့ခဲ့ရကြောင်း၊ အမှုဖြစ်ပွားစဉ် အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ အသွား ၂၂ စင်တီမီတာ အရှည်ရှိ ဓားတချောင်းကို သက်သေခံပစ္စည်းအဖြစ် အခင်းနေရာကနေ ရှာဖွေသိမ်းဆည်းခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ သံသယရှိသူဟာ သေဆုံးသူနဲ့ သိကျွမ်းတဲ့ မြန်မာနိုင်ငံသား တယောက်ဖြစ်ပြီး၊ ရန်မဖြစ်ခင်က သူတို့အတူ အရက်သောက်နေခဲ့ကြောင်း သိရပါတယ်။

သူတို့အကြားရန်ပွဲဟာ သိပ်မကြာခင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း၊ သံသယရှိသူဟာ တိုက်ခိုက်ပြီးချိန်မှာ ချက်ချင်း ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း ဖော်ပြထားပါတယ်။

ထိုင်းရဲတွေအနေနဲ့ သံသယရှိသူကို CCTV ကတဆင့် ခြေရာခံစစ်ဆေးနေပြီး ပုဂ္ဂိုလ်ရေးပဋိပက္ခကြောင့် အရက်သောက်ရင်း ဖြစ်ပွားခဲ့တဲ့အမှုလို့ ရဲတွေက ယူဆထားကြပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ပတောင်ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ထုတ်ထားပြီး သူ့ကို ဖမ်းဆီးအရေးယူဖို့ ဆောင်ရွက်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားက အသက် ၇၀ အရွယ် အားကစားရုံပိုင်ရှင်ကို သတ်ဖြတ်မှုတခု ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ဒီလို တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးမှုတွေ ပြန်လည်ပေါ်ပေါက်လာစေပြီး ထိုင်းရဲ့ ပြည်တွင်းအကြမ်းဖက်မှု ကိုင်တွယ်ဖြေရှင်းမှုအတွင်း နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းအလုပ်သမားအသိုင်းအဝိုင်းကို ပိုမို အာရုံစိုက်လာစေတယ်လို့ ထိုင်းသတင်းက ဖော်ပြထားပါတယ်။

မူရင်းသတင်း – Myanmar national fatally stabbed in Patong altercation

0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။
Read More

Kick ပလက်ဖောင်းပေါ် တက်လာသည့် စစ်အုပ်စု ဝါဒဖြန့်ချန်နယ်များ ၂၄ နာရီ မပြည့််မီ အရေးယူဖြုတ်ချခံရ

ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Kick နည်းပညာ ကုမ္ပဏီဟာ  မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ စတင်ထုတ်လွှင့်ပြီး ၂၄ နာရီ မပြည့်ခင်အချိန်မှာပဲ အမြန်ဆုံး ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

နိုင်ငံတကာက မြန်မာကို သဘာ၀ဘေးနဲ့ စစ်ဘေးအတွက် အကူအညီတွေ ပေးအပ်ဖို့ NUCC တောင်းဆို

ကုလ၊ အာဆီယံ အပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ သဘာ၀ဘေးနဲ့ စစ်ဘေးတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။