မတရား စစ်အာဏာသိမ်းမှုကို တိုင်းပြည်အနှံ့ ဆန့်ကျင်နေကြတဲ့ လက်ရှိအချိန်မှာ စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကတော့ လက်ရှိ လူငယ်တွေဟာ စစ်သားတွေရဲ့ ပေးဆပ်မှုကို သေချာမသိဘဲ တပ်မတော်ကို စော်ကားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂ရက်နေ့က ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်အချို့ တွေ့ဆုံစဥ် အခုလို ပြောကြားခဲ့တဲ့ ရုပ်သံဖိုင်ကို ခင်ရီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။ “တပ်မတော်သားတွေရဲ့ ပေးဆပ်မှုနဲ့ တည်ဆောက်ခဲ့တဲ့ တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေ ခင်ဗျာ..” လို့လည်း သူက ရေးသားထားပါတယ်။

ခင်ရီက သူ စစ်တပ်ထဲမှာနေခဲ့ချိန်က သူ့မိသားစုနဲ့ ခဏပဲ တွေ့ရပြီး ရှေ့တန်းပြန်ထွက်ရတဲ့အကြောင်း စစ်တပ်ထောက်ခံသူ အနုပညာရှင်တွေကို ပြောပြနေခဲ့တာပါ။ သူကြုံခဲ့ရတဲ့ စစ်သားဘဝကို ရုပ်ရှင်တောင် ရိုက်လို့ရတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

စစ်သားတွေရဲ့ ပေးဆပ်မှုတွေကို လူတွေက မသိဘဲ တပ်မတော်ကို စော်ကားနေကြတယ်လို့ ပြောဆိုခဲ့သလို တိုင်းပြည် ချာလပတ်ရမ်းနေတာကို အဆုံးသတ်ဖို့ အဖြေက ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျနော် သေနတ် ၁၇ ချက် မှန်ထားတယ်နော်။ ကျနော့်ဗိုက်ကြီးက ပူချင်တိုင်းပူနေတာ မဟုတ်ဘူး။ ကျနော့်ဗိုက်ထဲမှာ ကျည်ဆန် ၂တောင့် ရှိတယ်။ ခွဲလို့မရဘူး။ ကျနော် ၇၂ နာရီ တိုက်ပွဲဖြစ်တာ။ ကျနော် သေစာရင်းမှာ ၄လခွဲ နေရတယ်။ ပြောပြတာနော်.. အလကားနေရင်းနဲ့ တပ်မတော် ဆန့်ကျင်ရေးနဲ့ အမုန်းတရားတွေနဲ့ ကျနော်တို့နိုင်ငံ ချာလပတ်ရမ်းနေတယ်။ ဒါကြီးကနေ လွတ်မြောက်ပြီးတော့ ကျနော်တို့ ကမ္ဘာသစ်တစ်ခု ဘဝသစ်တစ်ခု အနာဂတ်သစ်တစ်ခုကို ဖန်တီးဖို့အချိန်က ရောက်ကိုရောက်နေပြီဗျ။ အဲ့အတွက် အလှည့်အပြောင်းက ရွေးကောက်ပွဲပဲဗျာ” လို့ ခင်ရီက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ခမရ (၅၅၆) မှ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း(၆၀) ချီးမြှင့်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းက တပ်သား(၁) ယောက် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေချိန် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု ရှိနေသည့် အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကြောင်း တောကျီးကန်း (၇) ကောင် တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၉ ၊ ဧရာဝတီ ဖွဲ့စည်းပြီးစီးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ ထုတ်ပြန်ကြေငြာ.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ AYA PDF အမှတ်(၂၉) ဗျူဟာက ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။