ရှမ်းပြည်နယ်အတွင်း TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်က အောက်တိုဘာ ၄ ရက် မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သီပေါမြို့ရှိ စစ်ကော်မရှင်ရဲ့ စခန်းဟောင်းဖြစ်တဲ့ ခလရ ၂၃၊ အထက (၂) ကျောင်းနဲ့ ကျောင်းစုရွာ ဘုန်းကြီးကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်း၊ ဘုရားစေတီနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ဒ့ါအပြင် တစ်ရက်တည်းမှာ သီပေါမြို့ ကျင်သီရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Video – Nang Hom Hseng Oo

0 Shares:
You May Also Like
Read More

လွိုင်ကော်မြို့အနီးတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းများ

''အိမ် ၂ လုံး ၃ လုံး မီးရှို့တာ မြင်ဖူးပါတယ်။ လူကြီးတွေက ကြီးကြပ်တဲ့ သူတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းမလွတ်တဲ့ အိမ်တွေဆို ရှို့ရတယ်။ အဝတ်အစားတွေ့တဲ့ အိမ်တွေ‌ဆို ရှို့ရတယ်။ ဒီလိုမျိုးလုပ်ခဲ့မိတာတွေ ခွင့်လွတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။အကြောင်းကြောင်းကြောင့် လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိရဲ့ စကားကို လွန်ဆန်လို့မရလို့ လုပ်ခဲ့ရတာ ''
Read More

ရန်ကုန်မှာ ပင်လုံရင်ပြင်ကို ငါတို့ပြန်လာပြီ လှုပ်ရှားမှု (ရုပ်/သံ)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံရင်ပြင်ကဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖြစ်တဲ့ “အလိုမရှိ” သီချင်းကို ဘလူးတုဘောက်နဲ့ ဖွင့်လှစ်ခဲ့ပြီး စစ်အဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။
Read More

ရန်ကုန်မြို့ စက်မှုဇုန်များတွင် အကြမ်းဖက်စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရေး သတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်တွင် စစ်ယာဉ်တန်းနှင့် လိုက်ပါလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ဝကုန်းကျေးရွာမှာ စစ်ယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ် ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Eastern Defense Force EDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးမှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာအုပ်စု မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်စီးနေတဲ့ မှတ်တမ်းရုပ်သံကို ပအိုဝ်းဒေသတွင်း မတရားမှုတွေကို ဖော်ထုတ်နေတဲ့ Pa-O LOYWEl Facebook ပေ့ချ်ကနေ ဖော်ပြခဲ့ပါတယ်။ 
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းအား တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၄ ရက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။