စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာအဝင်ရှိ ဘန်ကာကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ ရက် ဒီမနက် ၁ နာရီခွဲဝန်းကျင်ခန့်မှာ ဇီးကုန်းလေးပျူရွာအဝင်ရှိ ကင်းဘန်ကာ ၁ ခုကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၂  ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားကာ ကာဘိုင် ၂ လက်၊ ကိုးလုံး ၂ လက်၊ ၇.၆၂ ကျည်  ၁၂၉ တောင့်၊ ကာဘိုင်ကျည် ၃၈ တောင့်၊ ကိုးလုံးကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၃ ခုနဲ့ ဖုန်း၁ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO)က ဦးဆောင်ကာ တိုက်နယ် (၁) (၂) (၃) (၅) ပကဖတိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ စွယ်တော်နန်း တည်းခိုခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေသည့် အမျိုးသားကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်း တည်ခိုးခန်းပြိုကျမှုအတွင်း ၅ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီတော် ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က သာသနာ ၂၅၀၀ တောင်ကုန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာတဲ့ ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာကြတဲ့ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မတ္တရာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။