စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့တိုက်ခိုက်ရာ တပ်ကြပ်ကြီးစံထွေးအပါအဝင် စစ်အုပ်စုအဖွဲ့ဝင် ၇ ယောက် သေဆုံးပြီး တပ်ကြပ်အဆင့်ရှိသူ၁ယောက်နဲ့ ပြည်သူ့စစ်မှုထမ်း ခေါ်  (ပစ) ၃ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့  ရွှေဘိုခရိုင်တပ်ရင်း ၂၆ ပြန်ကြားရေးတာဝန်ခံ ကိုမှိုင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ မနက်အရုဏ်တက်ချိန်မှာ ရွှေဘိုမြို့တောင်ဘက်မုခ်ကတဆင့် တဂဏန်းကျေးရွာဘက် ထွက်လာတဲ့ အင်အား၆၀ပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ခုခံပိတ်​ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ တပ်မ ၃၃လက် အောက်ခံ စခတ၈၊ တထပ ၂၊ စုဆောင်းရေး ၄ စတဲ့ ရွှေဘိုမြို့အခြေစိုက်တပ်တွေပါဝင်ခဲ့ပြီး တထပ ၂ ဗိုလ်မှူးက ဦးဆောင်ကာ အင်အား၆၀ ကျော်နဲ့စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

တိုက်ပွဲဟာ မနက်၆နာရီခွဲကနေ နေ့လည် ၁၂နာရီခွဲအထိကြာမြင့်ခဲ့ပြီး ပြင်းထန်ခဲ့တာကြောင့် စစ်အုပ်စုဘက်က တပ်ကြပ်ကြီး စံထွေးအပါအဝင် ၇ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ယောက်အထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် တပ်ကြပ်အဆင့်ရှိသူ ၁ယောက်နဲ့ ပြည်သူ့စစ် ခေါ် စစ်မှုထမ်း(ပစ) ၃ယောက်ကိုလည်း တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်များ တိုက်ပွဲဝင်နေစဥ်

တဆက်တည်းမှာပဲ စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့်တော်လှန်ရေးဘက်ရဲဘော် ၂ယောက်ကျဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိ၃ယောက်လည်းရှိခဲ့ပါတယ်။ 

“စစ်အုပ်စုက မြို့တောင်ဘက်အထွက် မုဒ်ပေါက် တပ်စွဲထားတဲ့နေရာကနေပြီးမှ တောက်ဘက် တကဏန်း ကျေးရွာထဲကို အလစ်အငိုက် ထိုးစစ်ဆင်လာတာပါ။ သူတို့  ရွာဘုန်းကြီးကျောင်းနားအရောက်ကျနော်တို့က ပိတ်ဆို့ပြီး စတိုက်တာပါ။တိုက်ပွဲက ၆နာရီလောက် ကြာခဲ့ပါတယ်။ စစ်ကြောင်းက တိုက်ပွဲ​စပြီးလို့ ၃နာရီလောက်ကျ ဖွဲ့စည်းပုံပျက်သွားတယ်။ အဲ့မှာသူတို့လက်နက်ကြီးပစ်ကူတွေယူပြီးတော့ ဆုတ်ဖို့ပြင်တယ်။ အဲ့အချိန် မှာ ကျနော်တို့အတင်းဝင်လုံးတော့ အရှင် တွေမိတာပါပဲ။ ဦးဆောင်လာတဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေကသူတို့ အရင်ဆုတ်ပြေးသွားပြီး ပစ တွေကိုပဲ ဒီအတိုင်းအသေပစ်ထားခဲ့တာပါ။”လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ပြန်ကြားရေးတာဝန်ခံကိုမှိုင်းက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်းကနေ  MA(3) သေနတ်၁လက်၊ MA(1) သေနတ် ၁လက်၊ ၆၀မမ ကွန်မန်ဒိုပြောင်း ၁လက်၊ အဖူး၂ဖူး၊ ကျည်ဘောက် ၃ခု၊ ကျောလွယ်ဂျန်မာ ၁စုံ၊ RPG-7 ၂ဖူးနဲ့ 5.56ကျည် ၁၀၀တောင့်ကို တော်လှန်ရေးတပ်တွေသိမ်းဆည်းရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်းတွေဖြစ်တဲ့(တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆၊ Together We Can) တို့နဲ့ အတူ ရွှေဘိုမြို့နယ် တိုက်နယ် ၅ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group၊ နယ်မြေခံပကဖအဖွဲ့တွေနဲ့  နယ်မြေခံ ရွှေဘိုခရိုင် တပ်ရင်း(၄) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ 

တော်လှန်ရေးတပ်များ တိုက်ပွဲဝင်နေစဥ်

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရွှေဘိုမြို့ ကညနရုံးနဲ့ အမှတ်(၂)ထောက်ပို့တပ်တွေဆီကနေ လက်နက်ကြီးဟောင်ဝစ်ဇာတွေအဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်၁လုံးဟာ ရွှေဘိုမြို့အထွက် ကားကြီးကွင်းအနီး​က အောင်မြေဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းအတွင်းရှိနေတဲ့ စာသင်ကိုရင်(၄)ပါး ပျံလွန်တော်မူခဲ့သလို သံဃာတော် (၇)ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့အချိန် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး၊ မြောင်းကြီးကျေးရွာအကျော်မှာရှိတဲ့ တထပ-၂နဲ့ ကညန ရုံးကနေ ဟောင်ဝစ်ဇာတွေပစ်ကူတယ်ပေါ့။ အဲ့မှာဘုန်းကြီးကျောင်းထဲကျပြီး ကိုရင်တွေနဲ့ သံဃာတွေထိသွားတယ်။ မြို့ခံပြည်သူတွေလည်း စစ်အုပ်စုပစ်ကူပေးတဲ့ ဟောင်ဝှစ်ဇာအသံတွေကိုလည်း ကြားကြပါတယ်။ ဒါကို သူတို့ဘက်က ကျနော်တို့ပဲပစ်သလို လွှဲချပါသေးတယ်။ ထုံးစံပါပဲ။” လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ပြန်ကြားရေးတာဝန်ခံကိုမှိုင်းက မောင်းကိုပြောခဲ့ပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့်လက်နက်များ
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး တည်ဆောက်ထားတဲ့ EV Charging Station တွေမှာ လျှပ်စစ်ကားတွေ အားသွင်းခ တိုးမြှင့်ကောက်ခံမယ်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးဖြစ်သူ ကိုယ်တိုင်တင်သွင်းခွင့်ရနေတဲ့ လျှပ်စစ်ကားတွေကို အားသွင်းမယ်ဆိုရင် အားသွင်းခတွေကို တိုးမြှင့်ကောက်ခံတော့မယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စကခ (၁၃) နှင့် ခလရ (၄၃၂)တပ်ရင်းမှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်မဲ့ အလင်းဝင်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၁၃) နဲ့ ခလရ (၄၃၂) တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၃ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဗုံး (၃၀) လုံးနှင့် အဆိပ်‌ငွေ့ဗုံး (၃) လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး (၃၀) နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းခွဲခံရပြီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။