စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၅ ရက်၊ ဒီနေ့မနက် ၁နာရီခွဲအချိန်မှာ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) ဦးဆောင်တဲ့ တိုက်နယ်ပကဖအဖွဲ့တွေက ဇီးကုန်းလေးပျူစောထီးရွာ ဘန်ကာတွေဆီ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရင်း ဘန်ကာကင်း ၁ခုကိုပါ သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO) နဲ့အတူ တိုက်နယ် (၁) (၂) (၃) (၅) ပကဖတိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲကနေ ကာဘိုင် သေနတ် (၂)လက်၊ ကိုးလုံး သေနတ် (၁)လက်၊ ၇.၆၂ ကျည် ( ၁၂၉) တောင့်၊ ကာဘိုင်ကျည် (၃၈)တောင့်၊ ကိုးလုံးကျည် (၁၀)တောင့်၊ လက်ပစ်ဗုံး(၂)လုံး၊ ကျည်အိမ် (၃)ခုနဲ့ ဖုန်း(၁)လုံးကိုလည်း ပကဖတပ်တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း မြိုက်ကျေးရွာ ဘုန်းကြီးကျောင်းထဲရှိနေတဲ့ စစ်အုပ်စုတွေက တိုက်ပွဲနေရာဆီ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်လာတာကြောင့် ဖြတ်တောက်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ၆၀မမအပါ လက်နက်ကြီးတွေ ဗုံးသီးတွေနဲ့ ပစ်ကာရင်း ပြန်ဆုတ်ခဲ့ရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂ယောက် မျက်မြင် သေဆုံးပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဘန်ကာထဲကနေ ကျန်တဲ့စစ်အုပ်စုတွေလည်း ဝရုန်းသုဥ်းကား ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ရက်နေ့ကလည်း ရွှေဘိုမြို့တောင်ဘက်ကနေ တဂဏန်းရွာဘက်ဝင်ရောက်လာတဲ့ အင်အား ၆၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ရင်း စစ်အုပ်စုတပ်ကြပ်ကြီးအပါ ၇ဦးသေပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ ရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်တွင် စစ်အုပ်စု စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

တောင်ကုတ်မြို့ပေါ်အထိ AA သိမ်းပိုက်ထိန်းချုပ်ရောက်ရှိလာ ၊ လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

ခင်ဦးမှာ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာတွေကို ဖျက်ဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်နဲ့ဘီယာတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည့် MDY-PDF တပ်ဖွဲ့ထဲ စစ်ကောင်စီက သူလျှိုများ စေလွှတ်ကာ အသွင်ယူထောက်လှမ်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ဦး ရှိ၊ သန္ဓေစစ်သားများ အလင်းဝင်မှု များလာ

အခုလ နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံကနေ အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းအရ သိရပါတယ်။