နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ မံစီမြို့ကဖြစ်ပြီး အောက်တိုဘာ ၂ရက် ညနေ ၃နာရီလောက်မှာ အပေါင်းအဖော်တွေနဲ့အတူ မော်လူးမှာ ဆိုင်ကယ်လာရောင်းစဥ် အင်းတော်မြို့နယ်၊ ပင်ဝယ်ရွာအနီး မော်လူး-နဘားလမ်းပိုင်းမှာ ဓားပြတိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၄၀ ဝန်းကျင်အရွယ် အဆိုပါ အမျိုးသမီးရဲ့ ဆိုင်ကယ်ကို ဓားပြတိုက်သူက ဆိုင်ကယ်နဲ့ ပိတ်ရပ်ကာ ပိုက်ဆံအိတ်လုယူခဲ့ပြီး အမျိုးသမီးက ထွက်ပြေးဖို့ကြိုးစားစဥ် လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် လက်မောင်း သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသလို ပိုက်ဆံ ၃သိန်းလည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဓားပြလို့ ယူဆရတဲ့ အမျိုးသားတစ်ယောက်ကိုလည်း သံသယနဲ့ ဖမ်းမိထားတယ်လို့ သိရပါတယ်။

“အဲဒီအမျိုးသမီးက သူ့အဖော်တွေနဲ့လာတာ။ သူက အနောက်မှာကျန်ခဲ့တာ၊ သံသယမှုနဲ့ အဖမ်းခံရတဲ့လူက အရင်က KIA နဲ့အတူတူနေတာ။ သူ့ကိုယ်သူ ထောက်လှမ်းရေးလိုလိုဘာလိုလိုနဲ့ KIA တပ်ရင်းထဲမှာနေတာ၊ အရင်က KIA တွေ နဲ့ တတွဲတွဲတလားလား အဲလိုနေခဲ့တဲ့ကောင် အခုဖမ်းတော့ သူ့မှာ လက်လုပ်သေနတ်လည်းမိတယ် သံသယမှုနဲ့ဖမ်းထားတယ်” လို့ အင်းတော်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ် ။

အဆိုပါ ဓားပြတိုက်ခိုက်ခံရတဲ့နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၃ ခုနှစ်လောက်က စစ်ကော်မရှင်တပ်သားတွေ PDF ဟန်ဆောင်ပြီး ကားသမားတွေကို ဓားပြတိုက်တာ၊ ပိုက်ဆံတောင်းတာ‌မျိုးတွေ ပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ အင်းတော်ကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ အခုလိုဓားပြတိုက်မှု ဖြစ်ပွားတာဟာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်ကောင်စီအဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် ဗိုက်ပွင့် သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်အုပ်စုတွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ယောက် ဗိုက်ပွင့်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရ​ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

KK Park နဲ့ ပတ်သက်ပြီး KNU အပေါ် စစ်တပ်၏ စွပ်စွဲမှုများကို တုံ့ပြန်သွားမည်ဟု ပဒိုစောတာနီး ပြော

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။