ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဆိုင်ကယ်ကို ဝင်တိုက်ခိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးတဲ့ကားက လမ်းထဲမှာရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ထပ်မံ တိုက်မိတာကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

အဆိုပါ ဖြစ်ရပ်ဟာ ဒီနေ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်လောက် တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ကားတိုက်မှုကြောင့် သားအမိ ၂ယောက် သေဆုံးခဲ့တယ်လို့ သိရသလို နောက်ထပ်ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ လူသေမှုတွေကို ဖြစ်စေခဲ့တဲ့ ကားပေါ်မှာ တရုတ်နိုင်ငံသားတွေလည်း လိုက်ပါ စီးနင်းခဲ့တယ်လို့ ကနဦး သိရပါတယ်။ 

တာချီလိတ်မြို့ဟာ တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ ဧရိယာထဲမှာ ရှိပေမယ့် တရုတ်ငွေ (ယွမ်) ကိုသာ အဓိကထားသုံးစွဲပြီး လောင်းကစားတွေ ပေါ်တင်လုပ်ကိုင်ကြတဲ့ မြို့လည်း ဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်မှာ လူသေဆုံးမှုတွေကို ဖြစ်စေခဲ့ပေမယ့် တရုတ်နိုင်ငံသားတွေ ပါဝင်နေတာကြောင့် ထိုက်သင့်တဲ့ ပြစ်ဒဏ်ရမှာ မဟုတ်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မော်ဖိုးကေ စစ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၄ တပ်ရင်း စစ်သားတွေရှိရာ မော်ဖိုးကေ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြပါတယ်။
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းခံရသူ များလာသလို သေနတ်ဒဏ်ရာဖြင့် သေဆုံး ရုပ်အလောင်းလည်း များပြားလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူတွေ များပြားလာသလို သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေလည်း များလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မကွေးတိုင်းအတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၅၄ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ၇ လခွဲခန့်ကာလမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၁၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။