စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အရှေ့‌တောင်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုက လက်နက်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Wetlet Informational Network ဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းကို ​စက်တင်ဘာလ လယ်ကနေစလို့ ၁၅ ရက်လောက်နေပြီး အောက်တိုဘာလ ၂ ရက် မနက် ၉ နာရီလောက်မှာတော့ တမာကန်ရွာထဲကို လက်နက်တွေ ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လက်နက်တွေပစ်ဖောက်ပြီး ဝင်ရောက်လာတဲ့အတွက်ကြောင့် တမာကန်ကျေးရွာထဲရှိ အသက် (၈၅) နှစ်အရွယ် ဒေါ်ပုနဲ့ မြေးဖြစ်သူ ဇော်ဘုန်းခိုင် (မသန်စွမ်း)တို့ ထိမှန်သေဆုံးသွားပြီး ဒေါ်ပုရဲ့သားဖြစ်သူကတော့ လက်ကို ထိမှန်သွားတယ်လို့ သိရပါတယ် ။

” စခတွေက အရှေ့တောင်ခြမ်းတိုက်ရွာ အထက်ရွာ ၊ အောက်ရွာကို ၁၅ ရက်လောက်နေပြီးတော့မှ တမာကန်ဘက်ကို ဖြတ်ထိုးလာတာ၊ တမာကန်ကို အရင်ကတည်းက စစ်ကြောင်း ထိုးဖူးတယ်၊ ဖြတ်သန်းဖြတ်လာထိုးဖူးတာတော့ရှိတယ်၊ မြေးဖြစ်သူ ဇော်ဘုန်းခိုင်ကျတော့ မွေးရာပါမသန်စွမ်းပါ” ပါလို့ Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက မောင်းသတင်းဌာနကို ပြောပါတယ် ။

အခုလိုတမာကန်ရွာထဲကို အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် တိုက်ရွာ ၊ အထက်ရွာ ၊ အောက်ရွာ ၊ တမာကန် ၊ မင်းကုန်းလေးကျေးရွာအစရှိတဲ့ ကျေးရွာကဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကြောင်းထိုးတဲ့ရက်မှာ တမာကန်ရွာထဲမှာ ယာယီအထိုင်ချထားပြီး အောက်တိုဘာ ၄ ရက် ဒီနေ့မှာတော့ ဝက်လက်မြို့နယ်အရှေ့ဘက် တောင်ရိုးဘက်ကို ထွက်ခွာသွားပေမယ့် တမာကန်ကျေးရွာထဲမှာ စစ်ကော်မရှင်တပ်သားတွေ ကျန်ရှိ ၊ မရှိဆိုတာကိုတော့ အတိကျမသိရှိရသေးဘူးလို့ သိရပါတယ်။

ပုံစာ – လက်နက်ထိမှန်ပြီးသေဆုံးသွားတဲ့ အမျိုးသမီး
0 Shares:
You May Also Like
Read More

မိုးကုတ်၊ မိုးမိတ်ထဲ ဝင်လာနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်တိုက်နေတယ်လို့ NUG MOD ဆို

မိုးကုတ် - မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့ စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Read More

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့အတူ ရုရှားစစ်ရေယာဉ်တွေ လာရောက်ပူးတွဲလေ့ကျင့်

စစ်ကောင်စီကို အားပေးကူညီထောက်ခံမှုတွေ ပြုလုပ်နေတဲ့ ရုရှားကနေ စစ်ရေးလေ့ကျင့်ဖို့အတွက် စစ်ရေယာဉ်လေးစင်း ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြဝတီမြို့တွင် အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီးဒဏ်ရာများနှင့် သေဆုံးနေ

ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။
Read More

ခလရ (၄၀၃) တပ်ရင်းမှ စစ်သား (၂) ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က ထုတ်ပြန်ပါတယ်။
Read More

သေဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအချို့ အရှင်ဖမ်းမိ…

ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။