မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။

အောက်တိုဘာလ ၃ရက်နေ့က ထုတ်ပြခဲ့တဲ့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အအစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့လူငယ်လေးပုံတစ်ပုံဟာ အလုပ်လက်မဲ့ ဖြစ်နေကြပြီး အထူးသဖြင့် ကယားနဲ့ရခိုင်လို ပဋိပက္ခဒေသတွေမှာအလုပ်လက်မဲ့နူန်းတွေပိုတိုးလာကြောင်းနဲ့ ဒီအထဲ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၂ဆ ကျော်ပိုများလာနေတယ်လို့လည်းသိရပါတယ်။

နိုင်ငံနဲ့တစ်ဝှမ်းက အသက် ၁၈နှစ်ကနေ ၂၄နှစ်အတွင်းလူငယ်၅ယောက်မှာ ၄ယောက်ဟာ ပညာသင်ကြားနိုင်တာမျိုးနဲ့ သင်တန်းတစ်ခုခုတက်ရောက်နေနိုင်တာမျိုးတွေမရှိတော့ဘူးလို့လည်း အစီရင်ခံစာကပြောပါတယ်။

ဒါဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ လူမူရေးပြဿနာတွေကြောင့်ဖြစ်ပြီး လူငယ်တွေကို ပညာရေးကနေ စွန့်ခွာဖို့ဖြစ်စေပြီး ကိုယ့်နိုင်ငံအတွင်းကိုယ်ပိုင်စွမ်းရည်တွေအကောင်ထည်ဖော်ခွင့်မရသူတွေဟာလည်း ပြည်ပထွက်ဖို့ကိုပဲ ကြိုးစားလာကြတယ်လို့အစီရင်ခံစာကဖော်ပြပါတယ်။

ဒီနေရာမှာ အဆင့်မြင့်ပညာအောင်မြင်ထားသူတွေဟာ လစဥ် ၅၄၉,၉၂၁ ကျပ်( ၁၂၄ ဒေါ်လာ) နီးပါးရရှိပေမယ့် အတန်းပညာနည်းပါးသူတွေဟာ ၃၅၄,၉၇၉ ( ၈၁ဒေါ်လာ) သာရရှိနေတာကြောင့် ဝင်ငွေရရှိမှုကွာခြားနေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် လူငယ်တွေ ပျမ်းမျှရရှိတဲ့ဝင်ငွေတွေဟာလည်း တစ်နေရာနဲ့တစ်နေရာမတူ ညီပဲ ဒေသအလိုက်ကွာခြားနေပြီး တနင်္သာရီမှာ ၆၈၆,၉၂၈ကျပ် ( ၁၅၆ ဒေါ်လာ) ရရှိပေမယ့်လည်း ကယားမှာတော့ ၂၀၈,၀၁၇ကျပ်(၄၇ ဒေါ်လာ) သာရှိကြောင်း ဖော်ပြထားပါတယ်။

ဒီအတွက် အတန်းပညာနည်းပါးသူတွေနဲ့ ကျေးလက်ဒေသ၊ ပဋိပက္ခဒေသတွေမှာနေထိုင်တဲ့လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်သင်တန်းတွေပိုပြီးလိုအပ်တယ်လို့လည်းအစီရင်ခံစာကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း​က အမျိုးသမီးငယ်တွေရဲ့လုပ်ခစာရရှိမှုဟာ အမျိုးသားတွေထက် ၂၂ရာခိုင်နူန်းအထိကွာဟနေသလို အလုပ်လက်မဲ့နူန်းဟာလည်းသိသိသာသာမြင့်တက်နေတယ်လို့သိရပါတယ်။

ဒီအထဲ အမျိုးသမီး သုံးပုံတစ်ပုံနီးပါး ဟာ အိမ်မှုကိစ္စစောင့်ရှောက်ရေး တာဝန်တွေအတွက် ပညာရေးမှ နှုတ်ထွက်ထားရသလို အိမ်ထောင်ဖက်တွေရဲ့ တားမြစ်မှုကြောင့် အလုပ်လုပ်ကိုင်ခွင့်မရကြဘူးလို့လည်းသိရပါတယ်။

တစ်ဖက်မှာလည်း အထက်တန်းပညာပြီးထားတဲ့ အမျိုးသမီး၄၀ ရာခိုင်နူန်းဟာအလုပ်လက်မဲ့ဖြစ်နေကြပေမယ့်လည်း အတန်းပညာနည်းပါးသူတွေမှာတော့ ၂၇ရာခိုင်နူန်းသာအလုပ်လက်မဲ့ဖြစ်နေကြောင်းသိရပြီး ဒါဟာ အမျိုးသမီးတွေအတွက် တည်ငြိမ်ပြီးအဓိပ္ပါယ်ရှိတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေမရှိစေတာလို့လည်း ပြောပါတယ်။

ဒီအတားအဆီးတွေဟာအမျိုးသမီးတွေကိုစီးပွားရေးနယ်ပယ်ကနေ ဖယ်ကျဉ်ထားသလိုဖြစ်လာစေပြီး၊ သူတို့ရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို ကန့်သတ်ကာ မညီမျှမှုကို ပိုမိုနက်ရှိုင်းစေတာကြောင့် “သုံးထပ်ကွမ်း ခွဲခြားဆက်ဆံမှု” ကို ရင်ဆိုင်နေရတာလို့လည်း အစီရင်ခံစာကဖော်ပြထားတာဖြစ်ပါတယ်။

အစီရင်ခံအတွင်းဖော်ပြခဲ့တဲ့ အခြေအနေတွေဟာကိန်းဂဏန်းသက်သက်မျှသာ မဟုတ်ပဲ မျိုးဆက်တစ်ခုလုံးစာ လွတ်လပ်စွာရပ်တည်နိုင်ရေးနဲ့ အခွင့်အလမ်းရရှိနိုင်တဲ့အခြေအနေတွေကိုလက်လွှတ်ဆုံးရှုံးလိုက်ရတာဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေသက်ရောက်စေနိုင်ကြောင်းသိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ဂျပန် ဆေးဘက်ဆိုင်ရာနည်ပညာအဖွဲ့ မြန်မာပြည်ကိုရောက်ရှိလာ

ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar ကထုတ်ပြန်ပါတယ်.။
Read More

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာကြောင်း HRW ထုတ်ပြန်

ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 
Read More

ထိုင်းနိုင်ငံမှာ မြန်မာပြည်ထွက်စားသောက်ကုန်များ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင်နှင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖန်ငမှာ မြန်မာပြည်ထွက်စားသောက်ကုန်တွေ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ဆေးရာ ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးနဲ့ ဈေးရောင်းဝန်ထမ်း မြန်မာအမျိုးသမီး ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။