ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom ဟာ နျူကလီးယား စွမ်းအင်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေးတွေဟာ နိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ ကမ္ဘာတဝှမ်း ကြီးထွားလာနေတဲ့ သူ့ရဲ့ဖောက်သည်တွေကို ထင်စေချင်ပုံရပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ Rosatom ဆိုတာ သမ္မတ ဗလာဒီမာပူတင်ရဲ့ ပထဝီနိုင်ငံရေး မဟာဗျူဟာကြီးကို အကောင်အထည်ဖော်တဲ့ နောက်ထပ်နည်းလမ်းတခု သက်သက်ပါပဲ။

စွမ်းအင်ကို မှီခိုအောင် လုပ်တာဟာ မော်စကိုက သြဇာလွှမ်းမိုးဖို့နဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နည်းလမ်းပေါင်းများစွာထဲက တခုပါ။ ဒါကြောင့်မို့ အာရှခေါင်းဆောင်တွေအနေနဲ့ မကြာသေးခင်က ရုရှားနဲ့ မြန်မာစစ်ကောင်စီတို့ လက်မှတ်ရေးထိုးခဲ့တဲ့၊ ပဋိပက္ခတွေနဲ့ ပြည့်နေတဲ့ အရှေ့တောင်အာရှနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံသစ်တခု တည်ဆောက်မယ့် သဘောတူညီချက်ကို အလေးအနက်ထား စိုးရိမ်သင့်ပါတယ်။

မြန်မာပြည်က စစ်အစိုးရအဆက်ဆက်ကို ရုရှားက ထောက်ပံ့ခဲ့မှုဟာ မှတ်တမ်းတင်ထားပြီးသား ကာလရှည်ဖြစ်ပျက်နေတဲ့ကိစ္စပါ။ နိုင်ငံအနှံ့ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အခုလက်ရှိ အရပ်သားပြည်သူတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ စစ်ပွဲတွေအတွင်း စစ်အုပ်စုဟာ ရုရှရဲ့ လက်နက်တွေ၊ လေယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိနေတာပါ။

မြန်မာက ဖိနှိပ်မှုတွေအတွက် ရုရှားက ထောက်ခံပေးနေတာမှာ နျူကလီးယားနဲ့ ပတ်သက်တဲ့ ရှုထောင့်တွေက ကြာလှပြီဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက မြန်မာပြည်ရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဟာ မော်စကိုမှာ ပထမဆုံး နျူကလီးယားပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ဖူးပါတယ်။

အဲဒီကတည်းက နှစ်ဖက်စလုံးဟာ သူတို့ရဲ့ စီမံကိန်းတွေကို အချိန်နဲ့အမျှ ဆက်လုပ်လာခဲ့ကြတာပါ။ ၂၀၂၃ မှာတော့ ရုရှားနဲ့ မြန်မာအကြား နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အသစ်တခု လုပ်ပြီးနောက်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာပြည်မှာ Rosatom ရဲ့ ပါဝင်ပတ်သက်မှုကို လူသိရှင်ကြား အသိအမှတ်ပြု ထုတပြန်ခဲ့ပါတယ်။

ဒီနှစ် မတ်လက မော်စကိုဆွေးနွေးပွဲတွေအပြီးမှာတော့ ပူတင်နဲ့ မင်းအောင်လှိုင်တို့ဟာ မြန်မာနိုင်ငံမှာ အရွယ်အစား အသင့်အတင့်ရှိတဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးအဆောက်အအုံတခု တည်ဆောက်ဖို့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် တလအလိုမှာလည်း မြန်မာ့အက်ဒမန်ကမ်းရိုးတန်းက အငြင်းပွားဖွယ် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းတခုနဲ့ ရေနံသန့်စင်စက်ရုံ တည်ဆောက်ဖို့ ကြီးမားတဲ့ သဘောတူညီချက်တခုကိုလည်း နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့ကြပါသေးတာပါ။
Rosatom ရဲ့ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေမှုဟာ သူတို့ရဲ့ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်နေတာနဲ့ အတူတူပါပဲ။ ဒီလို ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံရေးပါပဲ၊ ဖိနှိပ်အုပ်ချုပ်နေမှုကို တရားဝင်အောင် လုပ်ပေးနေတာဖြစ်ပါတယ်။ ဒါဟာ ယူကရိန်းက ဇက်ပိုရစ်ရှား နျူကလီးယား ဓာတ်အားပေးစက်ရုံ (ZNPP) ကို သိမ်းပိုက်ရာမှာ Rosatom က ပါဝင်နေတာကို ကြည့်ရင် ပိုပြီးရှင်းလင်းပါတယ်။

၂၀၂၂ ခုနှစ် မတ်လကတည်းက ရုရှားတပ်ဖွဲ့တွေဟာ Rosatom ရဲ့ အကူအညီနဲ့ ယူကရိန်းက ဥရောပရဲ့ အကြီးဆုံး နျူကလီးယားစက်ရုံကို သိမ်းယူထားပါတယ်။ စိုးရိမ်စရာ အကောင်းဆုံးကတော့ စက်ရုံကို ရုရှားက သိမ်းပိုက်ပြီးကတည်းက ZNPP မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါပဲ။ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ထွက်ဆိုချက်တွေအရ Rosatom ဟာ ZNPP ဝန်ထမ်းတွေကို နှိပ်စက်တာ၊ စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးချုပ်နှောင်တာတွေမှာ ပါဝင်ပတ်သက်နေပါတယ်။

ဒါ့အပြင် Rosatom က ZNPP ဝန်ထမ်းတွေကို Rosatom နဲ့ စာချုပ်တွေ လက်မှတ်ထိုးဖို့၊ ရုရှားနိုင်ငံသားခံယူဖို့ အတင်းအကြပ် စေခိုင်းရာမှာလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ZNPP ဝန်ထမ်း အနည်းဆုံးတဦးဟာ နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း အတည်ပြုပြီးသား ဖြစ်ပါတယ်။

တချို့ကိစ္စတွေမှာဆိုရင် နျူကလီးယား ဝန်ထမ်းတွေဟာ စစ်ဆေးမေးမြန်းခံရတာ၊ ကိုယ်ထိလက်ရောက် စော်ကားခံရတာ၊ အိပ်ရေးပျက်ခံရတာတွေ ခံစားရပြီးချိန်မှာ ချက်ချင်း အလုပ်ဆင်းဖို့တောင် အတင်းအကြပ် ခိုင်းစေခံရပါတယ်။ ဒါဟာ နိုင်ငံတကာ နျူကလီးယား ဘေးကင်းလုံခြုံရေးကို တိုက်ရိုက် အန္တရာယ်ဖြစ်စေတာပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီလို အခြေအနေမျိုးမှာ ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုက အရေးပါတဲ့ အပြောင်းအလဲကြီးတွေ ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။

လက်ရှိမှာ ဘေးကင်းစေဖို့ အအေးပေးပိတ်ထားတဲ့ ZNPP ရဲ့ ဓာတ်ပေါင်းဖို ခြောက်လုံးထဲက တလုံး သို့မဟုတ် တလုံးအထက်ကို ပြန်လည်စတင်စေဖို့ ရုရှားအနေနဲ့ စီစဉ်နေတယ်ဆိုတဲ့ အထောက်အထားတွေအရ နျူကလီးယား လုံခြုံရေး ကိစ္စတွေကို လုံးဝလျစ်လျူရှုထားလို့ မရတော့ဘဲ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ကပါ မေးခွန်းထုတ်လာခဲ့ပါတယ်။
ယူကရိန်းမှာ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ သူတို့ရဲ့ လုပ်ရပ်တွေအရ Rosatom ကို နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကော်ပိုရိတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်လို့မရပါဘူး။ အဲဒီအစား သူတို့ကို ရုရှားနိုင်ငံရဲ့ လက်တံတခုလိုပဲ သတ်မှတ်ပြီး အဲဒီအတိုင်း တာဝန်ယူ၊ တာဝန်ခံခိုင်းရပါမယ်။

မြန်မာ့အိမ်နီးချင်းတွေနဲ့ စွမ်းအင်လုံခြုံရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိတဲ့ ပိုကြီးတဲ့ အာရှဒေသအတွက်တော့ Rosatom က အခွင့်အရေးတခုကို ပေးစွမ်းနိုင်ပုံပေါ်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်း သူတို့ ယူဆောင်လာတာကတော့ ရေရှည်မှာ အန္တရာယ်ဖြစ်လာမဲ့ နိုင်ငံရေးအရ မှီခိုမှု၊ ဂုဏ်သိက္ခာ ထိခိုက်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်မှု တို့ပါပဲ။

နျူကလီးယား စီမံကိန်းအသစ်တိုင်းကို ကုန်ကျစရိတ် သက်သာမှုအတွက်သာမကဘဲ ဥပဒေနဲ့အညီ မှန်ကန်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာ တရားဝင်မှု အတွက်ပါ အကဲဖြတ်ရပါမယ်။ ဒီလို Rosatom နဲ့ မိတ်ဖက်လုပ်တယ်ဆိုတာဟာ စစ်ရာဇဝတ်မှုတွေ၊ နျူကလီးယား ဘေးကင်းလုံခြုံရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရတွေကို ထောက်ပံ့မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ (ရုရှ) နိုင်ငံပိုင်လုပ်ငန်းစုကြီးတခုနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။

အစိုးရတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ သိပ္ပံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေအနေနဲ့ Rosatom ရဲ့ မြန်မာပြည်မှာ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ဖို့ နဲ့ ယူကရိန်းမှာ သူတို့ရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချဖို့ ကျွန်တော်တို့ တိုက်တွန်းတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက Rosatom နဲ့ သူ့ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်း ဆိုင်းငံ့ဖို့၊ ယူကရိန်းနဲ့ မြန်မာမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေမှာ ကော်ပိုရေးရှင်းရဲ့ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးဖို့အပြင် နိုင်ငံတကာ စံနှုန်းတွေကို အကောင်အထည်ဖော်ဖို့နဲ့ Rosatom ကို ကုလသမဂ္ဂနဲ့ Global Compact လို ၄င်းတို့ကို တရားဝင်အသိအမှတ်ပြုမှုပေးနေတဲ့ စင်မြင့်တွေကနေ ဖယ်ထုတ်ဖို့ ကုလသမဂ္ဂနဲ့ IAEA တို့ကို တွန်းအားပေးသင့်တယ်။

နျူကလီးယား ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး ZNPP မှာရော၊ အခြားနေရာတွေမှာပါ လုံးဝ ညှိနှိုင်းလို့မရတဲ့ စစ်ဆင်ရေး အခြေအနေတရပ်အဖြစ် သတ်မှတ်ရပါမယ်။ တရားမဝင် ဖမ်းဆီးခံထားရတဲ့ ZNPP ဝန်ထမ်းတွေနဲ့ ဖိနှိပ်ခံရတဲ့ တခြားသူတွေအတွက် တရားမျှတမှု ကို အာမခံရပါမယ်။

နျူကလီးယား စွမ်းအင်နဲ့ အနုမြူဆိုင်ရာတာဝန်ယူမှု (Atomic responsibility) ကို ခွဲခြားလို့မရပါဘူး။ နျူကလီးယားအပေါ် တာဝန်ယူမှုကိုလည်း ပါဝင်ပတ်သက်သူတွေရဲ့ သဘောသဘာဝ ကနေ ခွဲထုတ်လို့မရပါဘူး။ မြန်မာကနေ ယူကရိန်းအထိ ရက်စက်ကြမ်းကြုတ်မှုတွေမှာ Rosatom ရဲ့ ပူးပေါင်းပါဝင်နေမှုကို ကမ္ဘာက ဆက်ပြီးသည်းခံနေမယ်ဆိုရင် ဒါဟာ အန္တရာယ်ရှိတဲ့ သတင်းစကားကို ပေးပို့နေတာပဲဖြစ်ပါတယ်။

အဲဒီသတင်းစကားကတော့ စွမ်းအင်ဆိုင်ရာ သဘောတူညီမှုတွေဟာ နှိပ်စက်ညှင်းပန်းမှု၊ နယ်မြေသိမ်းပိုက်မှုနဲ့ အစိုးရကျောထောက်နောက်ခံပြု လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခွင့်လွှတ်ပေးနိုင်တယ် ဆိုတဲ့ သတင်းစကားပါပဲ …..
=================

The Diplomat မဂ္ဂဇင်းတွင် ဖော်ပြထားသည့် “Russia’s Nuclear ‘Diplomacy’: From Seizing a Nuclear Facility in Ukraine to Backing Myanmar’s Military Junta” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန် ဖော်ပြထားခြင်းဖြစ်ပါသည်။
ဓတ်ပုံ- မင်းအောင်လှိုင်နှင့်ပူတင် တွေ့ဆုံခဲ့စဥ်၊ ယူကရိန်းမှ Zaporizhzhia နျူကလီးယားစက်ရုံ (ZNPP)

0 Shares:
You May Also Like
Read More

စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

BGF ခေါင်းဆောင် စောချစ်သူတို့ သားအဖ ၃ ဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု ဘာဆက်ဖြစ်နိုင်လဲ

လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်တွေဆီကနေ ဘီလီယံချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ကူညီခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူတွေအပေါ် အမေရိကန်က မေလ ၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ 
Read More

အလင်းဝင် သတင်းတုများဖြန့်၊ ဖုန်းမက်ဆေ့ချ်များ ပို့ကာ တော်လှန်ရေးကို သွေးခွဲဖို့ စစ်ကောင်စီ ကြိုးစားပေမယ့် ထိရောက်မှု မရှိ

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက PDF နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေ နိုင်ငံ့အကျိုးလက်တွဲဖော်ဆောင်ဖို့ဆိုတဲ့ အလိုအလျောက် မက်ဆေ့စာတိုတွေကို ဖုန်းအော်ပရေတာတွေကတဆင့် ပေးပို့နေတာ တွေ့ရပါတယ်။
Read More

အောက်ခြေမှာ အလံဖြူတွေထောင်၊ ဘဝတွေပျက်၊ အသက်တွေ ဆုံးရှုံး၊ သူကတော့ ပွဲတက်လို့ကောင်းတုန်း

ရခိုင်ပြည်နယ် မောင်တောက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နခခ (၅) လို စခန်းကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေချိန်၊ စစ်ကောင်စီ တပ်သား ၄၀၀ ကျော် သေဆုံးနေချိန်၊ တချို့စစ်သားတွေ ရသမျှ အဖြူစ ကိုင်စွဲပြီး လက်နက်ချ အညံ့ခံနေရချိန်မှာ သူတို့ရဲ့ ခေါင်းဆောင် အာဏာရှင် မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ကို တက်ရောက်နေတာဖြစ်ပါတယ်။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုမှုများကြား မြန်မာစစ်တပ်၏ ဆေးရုံကိုဗုံးကျဲတိုက်ခိုက်ခဲ့မှုက ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုများကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိ

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်" လို့လည်းဆိုပါတယ်။