ချင်းပြည်နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Chin Defence Force – Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက် ဒီနေ့ မနက်အစောပိုင်း အများပြည်သူ အိပ်မောကျနေချိန်မှာ မင်းတပ်မြို့ရှိ နေရာ ၂ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူနေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး အရပ်သားပြည်သူ (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် ရရှိထားတဲ့ နေရာတွေမှာ အကြမ်းဖက်မှု အမျိုးမျိုး နဲ့ ပြည်သူတွေ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ညောင်ဦးမြို့နယ် ပကဖ ရဲ့ လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ပုဂံပြည်ဘီလူးတပ် (ညောင်ဦး ပကဖ) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးထားကာ ထောင်နှင့်ချီ သတ်ဖြတ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်ကဏ္ဍ အရေးကြီးကြောင်း ပြော

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်က တရုတ်နဲ့ အင်အားကြီး ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ တော်လှန်ရေးအင်အားစုတွေကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။