ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက် ဒီနေ့ မနက်ပိုင်းမှာ မန်ဟဲကျေးရွာရှိ စစ်တပ်ရဲ့ ရဲစခန်းဟောင်းအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၂) လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂)ရက်ကလည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ပြည်သူလူထုရှိရာ ကုမုဒြာဟိုတယ်ကို ရည်ရွယ်ချက်ရှိရှိ ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၁) ခု ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။
ဒါ့အပြင် အောက်တိုဘာလ (၂)ရက်ကလည်း တိုက်ပွဲမဖြစ်ပွားတဲ့ နမ္မတူမြို့တွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈) လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် ရရှိထားတဲ့ နေရာတွေမှာ အကြမ်းဖက်မှု အမျိုးမျိုး နဲ့ ပြည်သူတွေ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်၊ ထိခိုက်မှုတွေလည်းရှိကာ အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်ကာ (၁) ပါးနဲ့ ပြည်သူ (၁) ယောက် ထိခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲ လွတ်လပ်ပြီး မမျှတနိုင်၊ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်စေမည်ဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ထပ်မံပြောကြား

မြန်မာနိုင်ငံမှာပြုလုပ်မယ့် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁၀ ယောက်သေ၊ တိုက်ခိုက်ခံရလို့ မောင်းပြေးရင်း ကား ချောက်ထဲကျပြီး ၁၂ ယောက် ထပ်သေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မောင်းနှင်ထွက်ပြေးစဉ်မှာ ကားမှောက်ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မောင်းကို အတည်ပြုပါတယ်။
Read More

NUG ၏ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SSTF) ရဲ့ သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ (People's Police)ရဲ့ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SSTF) ရဲ့ သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ပြုလုပ်ခဲ့တယ်လို့ SSTF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ သင်္ကန်းဝတ် စစ်တပ်ထောက်လှမ်းရေးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ သင်္ကန်းဝတ်နဲ့ စစ်ကောင်စီအတွက် ထောက်လှမ်းသတင်းပို့နေသူကို ဖမ်းဆီးရမိခဲ့မယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းပစ်ခတ်လိုက်ရတယ်လို့ BTZM GBK PDF ထံက သိရပါတယ်။