ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က ရွှေကျင်မြို့နယ် တပ်ရင်းပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆင်ရွာဆေးရုံကို သယ်ယူသွားကြောင်း ကနဦး သတင်းသိရှိရတယ်လို့ ပဲခူးခရိုင် ပကဖ က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၇ နဲ့အတူ ပဲခူးခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့ ၊ ကဝ လက်နက်ကြီး တပ်ဖွဲ့တို့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၅၉၈ တပ်ရင်းကနေ လတ်တလောကာလအတွင်း လက်နက်မဲ့ အလင်းဝင်လာတဲ့ စစ်မှုထမ်းဆင်း စစ်သားတစ်ယောက်ရဲ့ ပြောပြချက်အရ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ စနိုက်ပါနဲ့လာပစ်လို့ ဒဏ်ရာပြင်းထန်သေဆုံးသူတွေကို တပ်ရင်းအနီးမှာပဲ မြုပ်လိုက်တာကြောင့် ကြေးနန်းမတက်၊ ပြည်သူမသိရှိ၊ သတင်းအစ မရတာတွေရှိတယ်လို့ ပဲခူးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

ပုံအဟောင်းကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာတွင် အထိုင်ချထားသည့် စစ်အုပ်စုကို သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး…

“ထိတွေ့မှုဖြစ်တာက သူတို့တပ်စွဲအထိုင်ချထားတဲ့နေရာကို ဝင်ပစ်တာပါဗျ ၊ စခ ဘက်က သေဆုံးမှုက မြေပြင်ထောက်ပို့ ပြည်သူတွေဆီက အတိအကျသိရတာပါ ၊ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနှင့် နေ့စဥ် ထိုးစစ်ဆင် တိုက်ခိုက်နေ…

ဟန်ပြ အပစ်ရပ်သက်တမ်း ၁ လ တိုးထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။