ရန်ကုန်မြို့လယ် ပန်းဆိုးတန်းတံတားအဆင်း လူမြင်ကွင်းမီးပွိုင့်မှာ လူတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲနေတဲ့မြင်ကွင်း ပါတဲ့ဗီဒီယိုဖိုင် Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
ရုပ်သံဖိုင်အတွင်း လူတစ်ဦးဟာ WY ခေါ် စိတ်ကြွရူးသွပ်ဆေးပြားကို မီးခြစ်နဲ့ရှို့ကာ ရှိူက်ရှူသုံးစွဲနေတာကို ရှင်းလင်းစွာ မြင်တွေ့ရပါတယ်။

”တကယ်ဝမ်းနည်းမိတယ်၊ ဒါတွေမြင်ရင် သွားပြီ … ကျွန်တော်တို့တိုင်းပြည်က တကယ်ချွတ်ခြုံကျစုတ်ပြတ်သတ်ပြီး အဖတ်ဆယ်မရတော့ဘူး၊ အရာအားလုံးစုတ်ပြတ်ကုန်ပြီ ဘဝတွေကော အနာဂတ်တွေကော” လို့ အဆိုပါပို့စ်အတွင်း ပြည်သူတစ်ဦးက မှတ်ချက်ပြုရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ ကလပ်၊ ဘားနဲ့ KTV တွေမှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင်ရောင်းချလာခဲ့ပြီးနောက် ယခုလိုအခြေခံတန်းစားတချို့ပါ လူသွားလမ်းမပေါ်မှာ မူးယစ်ဆေးကို အသုံးလာကြတာကို မြင်တွေ့လာရတာဖြစ်ပါတယ်။

”စိတ်ညစ်ပါတယ် ဘဝတွေကမလုံခြုံတော့ဘူး၊ လမ်းဘေးဆေးသမားတွေကို ဒီအတိုင်းဆက်ထားရင် ဆေးအရှိန်တက်ရင် သူတို့က ပတ်ဝန်းကျင်ဆိုတာ သိတော့တာ မဟုတ်ဘူး” …စသဖြင့် ဝေဖန်မှတ်ချက်ပြုရေးသားတာတွေကိုလည်း တွေ့ရပါတယ်။

Video-Kyaw Zin Latt ( Nine One)
0 Shares:
You May Also Like
Read More

ရေဦးမြို့တွင်း အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေချိန် မြို့အဝင် ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့အဝင်ရှိ ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၄ ဆီက သိရပါတယ်။
Read More

မြင်းမူမြို့ရွှေဆိုင်မှာ ဓားပြတိုက်လာသူ ၄ ယောက်ကို PDF ရဲဘော်တွေက ဖမ်းဆီးပြီး ရွှေထည်ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ ရွှေဧကရာဇ်ရွှေဆိုင်မှာ ဓားပြတိုက်ပြီး ပြန်လာတဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ရွှေထည်ပစ္စည်းများကို မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
Read More

မလှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ‌တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ပေကြီးရွာမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ထဲ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ အဆောက်အအုံအချို့ပျက်စီးပြီး စစ်သားများ ထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံတချို့ ပျက်စီးပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ Generation Z Power က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။