မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ် နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၄ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်အချိန်မှာ တိုက်ခိုက်မှုကို‌ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်ရာမှာ ၂ လုံးလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲကို တက်ဖို့ အလယ်ပိုင်တိုင်း စစ်ဌာနချုပ်ကို ရောက်ရှိ တည်းခိုနေချိန်မှာ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်လိုက်တဲ့ ၂ လုံးစလုံးက လပခအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုကတော့ အသင့်တင့်ရှိနိုင်ပါတယ်၊ မင်းအောင်လှိုင်ကိုတော့ အချိန်မှီ ခြိမ်းခြောက်နိုင်ခဲ့တာပေါ့” လို့ BWM အဖွဲ့က တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
မန်းတက္ကသိုလ် ရာပြည့်ပွဲမှာ မင်းအောင်လှိုင်ဟာ အရပ်သားပြည်သူ အများအပြားကို လူသားဒိုင်းဖြစ် အကာအကွယ် ယူပြီး ပွဲတက်မှာ ဖြစ်တာကြောင့် အခမ်းအနားကို နေရာအတိအကျ သိပေမယ့်လည်း အရပ်သားပြည်သူတွေကို ထိခိုက်မှာ စိုးတာကြောင့် မင်းအောင်လှိုင် ခေတ္တတည်းခိုတဲ့ လပခအတွင်းကိုသာ ညတွင်းချင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ပစ်ပြီး မကြာဘူး Mi 35 တစင်း တက်လာပြီး ပတ်ရှာတယ်။ နောက်တော့ Y12 ပါ တက်လာပြီး ပတ်ရှာပါတယ်။ လပခ ပတ်ဝန်းကျင်ရော မန်းမြို့ထဲမှာရော ရှာတာပါ။ ရဲဘော်တွေကတော့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါပြီ” လို့ BWM အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တဲ့ မစ်ရှင်ဟာ နာရီပိုင်းအတွင်း လျှပ်တပျက် စီစဉ်ရတဲ့ မစ်ရှင် ဖြစ်ပေမယ့် စစ်ခေါင်းဆောင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခဲ့တာကြောင့် ကူညီအားဖြည့်ပေးခဲ့တဲ့ နယ်မြေခံ မဟာမိတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နဲ့ ရတနာပုံတပ်ဦးအဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စလင်းမြို့နယ်ထဲက စစ်​​ကောင်စီဂိတ်စခန်းတွေ တစ်ရက်တည်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်းသေ

မကွေးတိုင်း၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရှိနေတဲ့ နေရာ  ၄ ခုကို ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အထက်မင်းလှအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ မွမ်းမံသင်တန်းဆင်းပွဲတွင် ယူနီဖောင်းတပ်ဆင်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း ၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄)ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။