စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်များ အခုအောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိနာကာ ပြန်ဆုတ်သွားတယ်လို့ တန့်ဆည်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်နေ့ မနက်ပိုင်းကစလို့ ကန့်ဘူမြို့နယ်၊ ကာဘိုးအထိုင်စခန်းကနေ ထွက်လာတဲ့ ခမရ ၃၆၁ အခြေစိုက်စစ်ကော်မရှင်တပ်နဲ့ ဝါသဝလက်အောက်ခံ ပျူစောထီးတွေဟာ တန့်ဆည်-ရေဦးလမ်းပိုင်းအတွင်းက ကျေးရွာတွေဆီ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ခန့်မှန်း အင်အား ၂၀၀ ပါ အကြမ်းဖက်စစ်အုပ်စုတွေဟာ တန့်ဆည်မြို့နယ် ရွှေသူကျေးနဲ့ ရေဦးမြို့နယ် အောင်သာရွာတို့ကနေ တန့်ဆည်မြို့နယ်တောင်ဘက်မှာရှိတဲ့ တနယ်ကျေးရွာကို စစ်ကြောင်းတွေပေါင်းပြီး ဝင်ရောက်ခဲ့တယ်လို့လည်း သိရတာပါ။

အဲ့ဒီနောက် ဒေသတွင်း တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး တနယ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“ကနဦး သူတို့က ရွှေဘိုလေ့ကျင်ရေးကနေ ကန့်ဘလူ ၆၀၀၆ကို ရောက်တယ်၊ အဲ့ကနေမှ ဇီးကုန်းနဲ့ ကာဘိုးအထိုင်ကိုရောက်ပြီး ကျနော်တို့ဘက်ကို ထိုးတယ်ပေါ့။ ရေဦးဘက်ကနေလည်း စစ်ကြောင်းထွက်တယ်။ အဲ့မှာတနယ်ဘက်ကို ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ Local တွေစုပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်” လို့ အဆိုပါ တန့်ဆည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အောက်တိုဘာလ ၁ရက်နေ့ မနက်ပိုင်းကစပြီး တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ကျေးရွာအုပ်စုက တနယ်ကျေးရွာကို စိတ်ကြိုက်မီးရှို့ဖျက်ဆီးခဲ့ရာမှာ နေအိမ် ၂၀ နီးပါးအထိမီးလောင်ပျက်စီးခဲ့သလို အရပ်သားပိုင် ဆန်တွေကိုလည်း ရိက္ခာအဖြစ် အတင်းအဓမ္မခိုးယူ သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦး၏ပုံကို အသုံးပြုထားပါသည်။ (ပုံဟောင်း)

တစ်ဖက်မှာလည်း တနယ်ရွာနဲ့ ၁မိုင်အကွာမှာရှိတဲ့ ခပေါင်းကြိုင်ကျေးရွာစာသင်ကျောင်းကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့ကလည်း ရေဦးနဲ့တန့်ဆည်နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဖန်ခါဇင်ရွာက အမျိုးသမီး ၁ယောက် သေဆုံးခဲ့ရပါတယ်။

အဲ့ဒီဖြစ်စဥ်တွေမတိုင်ခင် စက်တင်ဘာလ ၂၆ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံးတွေကြဲခဲ့လို့ အမျိုးသမီး ၂ယောက် အပါအဝင် လူ ၁၂ယောက် သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲတွေအပြီး အထိနာသွားတာကြောင့် ကန့်ဘလူမြို့နယ် ကာဘိုးစခန်းအထိ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

“သတင်းတွေအရ လောလောဆယ်တော့ ကာဘိုးအထိ ပြန်ဆုတ်သွားတယ်ပေါ့။ ကာဘိုးကနေမှ ဇီးကုန်းကို တစ်ဝက်ပြန်ဆုတ်တယ်လို့လည်းကြားတယ်။ လတ်တလာမှာ ဆုတ်ခွာတဲ့အခြေအနေလို့ မြင်ပေမယ့် သူတို့ဘက်က ပြင်ဆင်ချိန် ပြန်ယူတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ တန့်ဆည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်းနဲ့ ဆင်ငယ်ရွာ ပျူစောထီးခေါင်းဆောင် ၁ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိထားတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

စစ်တပ်အလိုကျ ပြည်သူကို ပေါ်တာဆွဲကူနေသည့် ပျော်ဘွယ်နယ်က ရပ်ကျေးဥက္ကဌ ပစ်ခတ်ရှင်းလင်းခံရ

စစ်ကော်မရှင်အလိုကျ ပြည်သူတွေကို ပေါ်တာဆွဲကူပေးနေတဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်ထဲက ရပ်ကျေးဥက္ကဌတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန်PDFအဖွဲ့ဆီက သိရပါတယ်။ တောင်ကျောင်းကျေးရွာမှာ ရပ်ကျေးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသောင်းဝင်း(ခေါ်) ဦးသန်းဝင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရတာပါ။
Read More

ကျုံဒိုးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး နှလုံးဖောက်သေဆုံး…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁ ယောက် နှလုံးဖောက်သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညင်းမော်ရွာ တိုက်ပွဲအတွင်း လောင်းလုံး ပကဖ တပ်စုမှူးအပါ ရဲဘော် ၃ ဦး ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတိုက်ပွဲမှာ တပ်စုမှူး တစ်ယောက်အပါအဝင် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။