အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် နိုင်ငံအနှံ့ ဖမ်းဆီးခံရသူ ဦးရေဟာ ၆၄ ယောက်အထိရှိလာပြီလို့ သိရပါတယ်။

အဆိုပါ အကြောင်းအရာကို အောက်တိုဘာ ၃ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကစပြီး စစ်အုပ်စု စိတ်တိုင်းကျ ထုတ်ပြန်ခဲ့တဲ့ အဲဒီဥပဒေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားသူတွေကို ဦးတည်ဖမ်းဆီးနေတာဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇နှစ်အထိ ချနိုင်သလို ရွေးကောက်ပွဲမှာ ပါဝင်နေသူကို သေဆုံးအောင် ပြုလုပ်ရင်လည်း သေဒဏ်အထိ ချနိုင်တာပဲ ဖြစ်ပါတယ်။

စစ်တပ်ဟာ အဲဒီဥပဒေကို စတင် ပြဌာန်းချိန်နေစပြီး စက်တင်ဘာလအထိ အမှု ၂၄ မှုအတွက် ၆၄ ယောက်ကို အရေးထားတာပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ကရင်နီပြည်၊ လွိုင်ကော်မြို့က အသက်မပြည့်သေးသူ ၃ ယောက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပပြုလုပ်မယ်လို့ ကြေညာထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများစုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ လက်မခံကြောင်းကို ထုတ်ပြန်ထားပါတယ်။

ပုံစာ – ၂၀၂၀ ခုနှစ်က အကြမ်းဖက်မင်းအောင်လှိုင် မဲပေးခဲ့စဥ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်တွင် ရိက္ခာလက်နက်အင်အား ပို့ဆောင်သည့် အကြမ်းဖက်စစ်ကြောင်းကို ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စု ၂၆ ဦး သေဆုံးကာ ကား ၆ စီး မီးရှို့ဖျက်ဆီးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများရရှိ၊ တော်လှန်ရေးရဲဘော်များလည်း ထိခိုက်သေဆုံးမှု ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်းပကဖ ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄၊ အပတ်စဥ်(၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ရင်း အရပ်သား ၁၂၀ ကျော်ကို အကြောင်းမဲ့ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သား ၁၂၂ယောက်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

ပုလောတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။