ထိုင်းနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ (၄)ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်နိုင်ငံသား ဖိုက်တာ ကာဒက်စတမ်ကို အလဲထိုးကာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်ဖိုက်တာကို ဒုတိယအချီ ၂ မိနစ်နဲ့ ၂၀ စက္ကန့်မှာဘဲ တရစပ်လက်သီးတွဲလုံးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်က‌တော့ (၁၉) ပွဲကစားခဲ့ရာ (၁၄) ပွဲနိုင်ပွဲရရှိထားသူဖြစ်ပြီး အခုပွဲစဥ်အပါ(၁၅)ပွဲအနိုင်ရရှိခဲ့ကာ ကာဒက်စတမ်ကတော့ One Championship မှာ ကစားတဲ့ (၁၁) ပွဲမှာ (၇) ပွဲနိုင် (၄) ပွဲရှုံးထားသူဖြစ်ပါတယ်။

အခုနိုင်ပွဲဟာ ONE Championship ရဲ့ ကစားသမားဘဝကနေ အနားယူတော့မယ့် အောင်လအန်ဆန်ရဲ့ နောက်ဆုံးပွဲဖြစ်သလို နိုင်ပွဲနဲ့အတူဘကစားသမားဘဝကိုအပြီးတိုင် နှုတ်ဆက်ခဲ့တာဖြစ်ပြီး အောင်လအန်ဆန်ရဲ့ ကစားသမားဘ၀ အမှတ်တရပုံရိပ်နဲ့ မှတ်တမ်းတွေကို One Championship က ပွဲမစတင်မီ ဒီနေ့မနက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

ချုပ်ကွက်ကနာမည်ကြီးတာကြောင့် မြန်မာ့စပါးအုံးလို့ တင်စားခံခဲ့ရတဲ့ ကချင်တိုင်းရင်းသား ဖိုက်တာ အောင်လဟာ မြန်မာပရိသတ်တွေရဲ့ အားပေးမှု များစွာ ရခဲ့သူဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။
Read More

လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။