အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။

“ဒီဓာတ်ပုံမှတ်တမ်းများကတော့ စစ်မိစ္ဆာဘီလူးတွေ သောင်းကျန်းမင်းမူနေတဲ့ မန္တလေးမြို့လယ်မှာ ဖော်ဆောင်ခဲ့ကြတဲ့ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှု မြင်ကွင်း ဖြစ်ပါတယ်။” ဆိုတဲ့ စာသားနဲ့အတူ မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ထားတာပါ။

အခုလှုပ်ရှားမှုကို အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှုအဖြစ် “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” ၊ “အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ၊ “ဖက်ဆစ်ရွေး ကောက် ခွေးထွက်ပေါက် ၊ မဲမပေးဘဲ သပိတ်မှောက်” အစရှိတဲ့ စာရွက်တွေကို မန္တလေးမြို့လယ်မှာ ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး သပိတ်အင်အားစုက “ပျူလက်ပါးစေတွေ သောင်းကျန်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီး ငွေညှစ် တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူများရဲ့ ရင်ထဲမှာ ဖက်ဆစ် စစ်တပ် နဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် နာကျည်းချက်တွေက ရင်နဲ့အပြည့်ပါ။ ဒါ့အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်။ ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ။ ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေမှာပါပဲ။ ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကို “ငုံ့မခံဘဲ” ရရာနည်းနာနည်းလမ်းအစုံနဲ့ “တုံ့ပြန်” နေကြဖို့ လိုအပ်ပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။

အကြမ်းဖက် အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြရင်း ပြည်သူမှပြည်သူသို့ အပြန်အလှန် ဖေးကူကြရင်းနဲ့ တော်လှန်ရေးခရီးကြမ်းကို အတူဆက်လျှောက် ချီတက်ဖို့အတွက်လည်း မန္တလေးသပိတ်အင်အားစုက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု လုပ်​ဆောင်နေသည့် ဂန့်ဂေါမြို့ပေါ်ကို တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရွေးကောက်ပွဲအတု လုပ်ဆောင်နေချိန်  တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နှစ်ပွင့်ဗိုလ်အပါအဝင် စစ်အုပ်စုက ထိခိုက်မှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းဆီက သိရပါတယ်။
Read More

ပင်လောင်းမှာ စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောပွဲအပြီး ပရိတ်သတ်ကိုပြန်ဆဲခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်​မောင်လွင်ကို ပရိတ်သတ်တွေ ဝေဖန်နေကြ

မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။