ရန်ကုန်မြို့ရှိ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော် (၂) ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားကြောင်း အဆိုပါသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ အဖွဲ့ဝင် ဟိန်းနိုင်ဇော် (ခ) အိုမီနဲ့ သိမ့်သီရိဝေ (ခ) မမြရင်တို့ဟာ မြေပြင်ကိစ္စသွားလာရင်း ညနေပိုင်းအချိန် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးမှု ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ အဖွဲ့ဝင် (၂) ယောက်ဟာ ရန်ကုန်မြို့ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်နေသူတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးခံရပြီးနောက် စစ်တပ်ရဲ့ စစ်ကြောရေးငရဲခန်းဖြတ်သန်းမှုတွေနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ သပိတ်ရဲဘော်နှစ်ယောက်ကို အကြမ်းဖက်စစ်တပ်က မတရားဥပဒေနဲ့ အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချထားတယ်လို့ သိရပါတယ်။

အဆိုပါ ရဲဘော် (၂) ယောက် ဖမ်းဆီးခံရပြီးနောက် ကျန်ရှိနေတဲ့ ရဲဘော်တွေရဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဖမ်းဆီးခံရတဲ့ အခြေအနေအကြောင်းအရာကို ချက်ချင်းသတင်းထုတ်ပြန်ဖို့ အခွင့်မသာခဲ့ဘဲ အခုမှသာ ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ ရဲဘော်နှစ်ယောက်ဟာ မြန်မာပြည်မှာ ဆိတ်သုဥ်းနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ဒီမိုကရေစီအရေးတို့ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ လူထုတိုက်ပွဲနည်းလမ်းနဲ့ ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်ခဲ့သူတွေဖြစ်တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့တဲ့ ရဲဘော် ကိုအိုမီနဲ့ မမြရင်တို့ရဲ့ ဆုံးရှုံးမှုအတွက် ထပ်လောင်းကြိုးပမ်းကာ ကျန်ရှိနေတဲ့ရဲဘော်တွေအနေနဲ့ စည်းစည်းလုံးလုံး တော်လှန်ရေးအောင်မြင်တဲ့အထိ အခုထက်ပိုပြီး လူထုနဲ့အတူ ကြိုးပမ်းသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နယ်မြေများ လက်လွှတ်ခဲ့ရသည့်အပေါ် MDY-PDF တောင်းပန်၊ ဆုံးရှုံးနယ်မြေများအား ပြန်လည်သိမ်းပိုက်မည်ဟု ကတိပြု၊

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီညီ ဆင်နွှဲခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့တဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးခဲ့ရတဲ့အပေါ် တောင်းပန်ကြောင်းနဲ့ အဆိုပါဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်သွားမှာဖြစ်ကြောင်း MDY-PDF က ဒီကနေ့ အသိပေးထုတ်ပြန်လာပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။