တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား (၁) ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁) ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၅ တပ်ရင်းက စစ်မှုထမ်း စစ်သား (၁) ယောက် K.N.L.A တပ်မဟာ (၄)၊ K.N.D.O တပ်ရင်း (၇)၊ တပ်ခွဲ (၃)ထံ MA1 (၁) လက်နဲ့ အလင်းဝင် ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သားဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲ စုဆောင်းခံရပြီးနောက် စစ်မှုထမ်းခဲ့ရသူဖြစ်ပြီး ရှေ့တန်းပို့ခံရချိန် ထွက်ပြေးကာ အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အခုလိုအကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်တပ်အတွင်းက စစ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းဖို့ကိုလည်း KNU က တိုက်တွန်းထားပါတယ်။

K.N.L.A တပ်မဟာ (၄)၊ K.N.D.O တပ်ရင်း (၇)၊ ထံ ထပ်မံဘက်ပြောင်းခိုလှုံသည့် အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သား (၁) ဦး
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး  အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ သူ့အပေါင်းအပါ ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်တွေက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

96 Soldiers တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား

စစ်ကိုင်းတိုင်း၊ လွတ်မြောက်နေရာဒေသတစ်ခုမှာ 96 Soldiers - PDF တော်လှန်ရေးတပ်ဖွဲ့ရဲ့ တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာနဲ့ ထိုင်းအတွက် စတားလင့်က ဆက်သွယ်ရေးအတွက် အကူအညီပေးမည်ဟု ကမ်းလှမ်း

ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သူ့တပ်သားများအား ခရီးသွားအသွင်ဖြင့် ဂန့်ဂေါ ခလရ ၅၀ ကိုပို့ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ သူ့ရဲ့တပ်သားတွေကို မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ ခလရ ၅၀ ထဲကို ခရီးသွားအသွင်နဲ့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များဆီက သိရပါတယ်။ ယခုလ ဒီဇင်ဘာလအတွင်းမှာ ပုခုက္ကူမြို့တပ်မ ၁၀၁ အပါဝင် တခြားသောတပ်တွေဆီကတပ်သားတွေကို ခလရ ၅၀ ထဲကို ရရာနည်းလမ်းတွေနဲ့ အင်အားဖြည့်ပို့ဆောင်နေတာ ဖြစ်ပါတယ်။