အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အဆိုပါအခမ်းအနားကို NUG မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးဇော်မိုးဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဒု၀န်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့အပါအ၀င် နိုင်ငံတကာနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ နယူးယောက်မြို့ရှိ မြန်မာနွယ်ဖွား တိုင်းရင်းသားတွေ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် တွန်အန်ဒရူး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် Ms. Giske Lillehammer၊ International Civil Society Action Network(ICAN) မှ ပရိုဂရမ်ဒါရိုက်တာ Ms. Helena Gronberg တို့က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပြည်သူအချို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပြီး တော်လှန်ရေးသီချင်းတွေ၊ မှတ်တမ်းရုပ်ရှင်ပြသခြင်းနဲ့ ကဗျာရွတ်ဆိုခြင်း အစီအစဉ်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် CDM အမျိုးသမီးတွေ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေ၊ ပဋိပက္ခ အခြေအနေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်ကျန်ရစ်သူ အမျိုးသမီးတွေရဲ့ ရုပ်ပုံနဲ့ စကားသံတွေ၊ မြန်မာ့ပဋိပက္ခနဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွါးဆိုင်ရာ ဆက်စပ်ပတ်သက်မှုတွေကို ထင်ဟပ်ပြသတဲ့မြေပုံ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပုံရိပ်တွေကို ခင်းကျင်းပြသခြင်း စတဲ့အစီအစဥ်တွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို Women Peace and Humanitarian Fund (WPHF), နဲ့ International Civil Society Action Network (ICAN) တို့ရဲ့ ပံ့ပိုးမှုနဲ့ Burma Advocacy Group (BAG), Gender Equality Network (GEN), Global Justice Center (GJC), Myanmar-WPS, New York City Burmese Community (NYCBC), Women Advocacy Coalition- Myanmar (WAC-M), Women Peace Network (WPN), Women’s League of Burma (WLB) တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးပါ မော်တော်ကား ထိုင်းရဲ လိုက်ဖမ်းချိန် မြစ်ထဲ ထိုးကျပြီး အဖမ်းခံရ…

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ် ၁ စီး ထိုင်းရဲ လိုက်ဖမ်းချိန် မောင်းပြေးရာက မြစ်ထဲကျပြီး ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတယ်လို့ Khaosod သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ထရမ့်ရဲ့ အခွန်တိုးကောက်ကြောင်း ပေးပို့စာဟာ လူရာဝင်ချင်တဲ့ မင်းအောင်လှိုင်အတွက် အကောင်းဆုံးသတင်းစကား ဖြစ်နေပြီး၊ ၄င်းရဲ့ တုန့်ပြန်မှုက နိုင်ငံတကာမှာ ဟာသသဖွယ် ဖြစ်နေ

ကမ္ဘာ့ခေါင်းဆောင်အများစုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီက ပေးပို့လာတဲ့ အခွန်တိုးမြှင့် ကောက်ခံစာတွေဟာ ခေါင်းကိုက်စရာ ဖြစ်နေတာကတော့ အမှန်ပါ။
Read More

နိုင်ငံတကာဖိအားများကြောင့် မတတ်သာတော့ဘဲ မြန်မာစစ်အုပ်စု ကျားဖြန့်နှိမ်နင်း‌ရေးကို အလျင်စလို လုပ်ဆောင်ခဲ့ရ

ပြီးခဲ့တဲ့အပတ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ဘားအံမြို့ခရီးစဉ် နောက်တရက်မှာ စစ်တပ်အရာရှိတွေက သြဇာကြီးမားတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တခုက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က တိုးချဲ့လာနေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ချက်ချင်း နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။ နယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး လူကုန်ကူးခံရသူတွေကို အသုံးချပြီး ကမ္ဘာတဝန်းကလူတွေကို လိမ်လည်ကာ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။