အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တွေဟာ စက်တင်ဘာလ ၇၊ ၁၃၊ ၁၈ ရက်နေ့တွေမှာ မြေပြင်နဲ့ ဝေဟင်ကနေ ထိတွေ့တိုက်ပွဲတွေ (၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ(၇)ရက်နေ့မှာ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးက စစ်တပ်ရဲ့ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီ (၂၀) မိနစ်မှာလည်း ရေးမြို့နယ်၊ နှစ်ကရင်လမ်းဆုံအနီးက စစ်တပ်ရဲ့ ကင်းပုန်းနေရာတွေနဲ့ မော့ကနင်ရွာအနီးက ကွမ်ကျိုက်ဂိတ်စခန်းကို ဗုံးသီး(၂) လုံး ဝင်ရောက်ကြဲချတိုက်ခိုက်နိုင်ခဲ့ကာ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ (၁၈) ရက်နေ့ မနက်(၁၀)နာရီမှာလည်း သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးက စစ်တပ်ရဲ့ ကင်းပုန်းတွေကို ပြောက်ကျားစစ်ဆင်‌‌ရေးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ကော်မရှင်လက်အောက်ခံ တပ်တွေက စစ်သား (၄) ယောက်သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အဆိုပါတိုက်ပွဲဝင်တွေမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ်တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

MSFC ရဲ့ ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတွေကတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နဲ့ ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့ဖြစ်ပြီး စစ်ရေးတွေကို မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တို့မှာ ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ယူနက်စကိုစာရင်းဝင် ပုဂံရှေး​ဟောင်းနယ်မြေထဲကို စစ်ကောင်စီ စတင်လေကြောင်းတိုက်ခိုက်၊ ရေစကြိုမှာလည်း သာဂေါင်ရွာ ဒုတိယအကြိမ် ဗုံးကြဲခံရပြီး နေအိမ်တွေ ထိခိုက်ပျက်စီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

ကင်းစောင့် ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကောင်စီကားတန်း မုံရွာ မအူဂိတ်အနီးတိုက်ခိုက်ခံရ၊ စစ်ကောင်စီ အရာရှိအပါ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။
Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။
Read More

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ကျနေသည့် စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။