စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။

အောက်တိုဘာ ၁ ရက် ည ၁၀ နာရီခန့်က ကန့်ဘလူမြို့နယ် အုန်းတောပျူရွာကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက် အရှင်ဖမ်းမိခဲ့ပါတယ်။

“ထိခိုက်သေဆုံးမှုက ဘယ်လိုအတည်ပြုလဲဆိုရင် ကျနော်တို့ အရှင်ဝင်ဖမ်းတော့ ကျနော်တို့ကို ပြန်ခုခံဖို့ သေနတ်ကိုင်လိုက်တဲ့အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့လိုက်တာ။ အပြန်အလှန် ပစ်ခတ်ချိန် မရှိလိုက်ဘူး။ ကျနော်တို့က သူတို့အငိုက်ဝင်စီးလိုက်တာဆိုတော့လေ။ ရွာနဲ့သူတို့ကင်းနဲ့ မီတာ  ၅၀၀ လောက်ဝေးတယ်” လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူး ကိုပိုင်ချဲက မောင်းကိုပြောပါတယ်။

စီးနင်းမှုအတွင်း  ပျူစောထီးတပ်သားတွေဆီက G3 သေနတ် ၃လက်၊ ကာဘိုင်၂လက်၊ ပြောင်းချော ၂လက်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖလှုပ်ရှားရေးတပ်ရင်း၊ ကန့်ဘလူခရိုင် အမှတ် ၃ (PDF)တပ်ရင်းနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေကို သက်ဆိုင်ရာ အထက်တာဝန်ရှိသူတွေထံ အပ်နှံထားပြီး စစ်သုံ့ပန်း ဥပဒေအတိုင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများမှတစ်ဆင့် သိရပါတယ်။
Read More

သစ်ရုံကျေးရွာအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် သစ်ရုံကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကြောင်းထိုးနေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်၊ စစ်သား ၆ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ ကနေ သပြေညွန့်စခန်းကို ရိက္ခာလာပို့တဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယောနသံဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောပုပျူစခန်းနဲ့ ညောင်ဖြူပင်အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းနဲ့ မအူရဲစခန်းကို တစ်ရက်တည်း ၂ နေရာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း PDF အခြေခံ စစ်သင်တန်းဆင်းရဲဘော်များအတွက် ဦးကျော်သက်လင်း၏ အမှတ်တရ အမှာစကား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်များကို မြန်မာ့အသံနှင့်ရုပ်မြင့်သံကြားမှာ CDM ပြုလုပ်လာပြီး တော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေတဲ့ ဦးကျော်သက်လင်း ၏ အမှတ်တရအမှာစကားကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်လိုက်ပါတယ်။