မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP) သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အခုလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို ၂၀၂၄ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ CRC နဲ့ ပဋိပက္ခကာလအတွင်း ကလေးငယ်တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ရေးအတွက် International Humanitarian Law တွေ၊ ဂျန်ဒါ တန်းတူညီမျှရေး နဲ့ လူနည်းစု LGBTQIA+ အခွင့်အရေးတွေနဲ့ NUG ရဲ့ လက်ရှိဥပဒေတွေကို ဆွေးနွေး သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းသားတွေအနေနဲ့ သင်တန်းကာလအတွင်းမှာ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ပိုမိုနားလည်လာခြင်း၊ ဂျန်ဒါ တန်းတူညီမျှရေး အခြေခံသဘောတရားတွေကို ပိုမိုသိရှိလာခြင်း၊ LGBTQIA+ တို့ရဲ့ အခွင့်အရေးနဲ့ အကာအကွယ်ပေးမှုဆိုင်ရာတွေကို ပိုမိုနားလည်လာခြင်းတို့ကို အကျိုးကျေးဇူးရရှိကြောင်း မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။

‘’ကိုယ့်ကိုယ်ကို အကြမ်းဖက်မှုတွေက ကင်းဝေးအောင်နေထိုင်ဖို့ နည်းလမ်းတွေကို ပိုသိလာပြီး အဲဒီလိုကြုံလာရင် အရေးယူနိုင်မှုတွေကိုလည်း လေ့လာသိရှိခဲ့ပါတယ်။ ဒီလိုသင်တန်းတွေ ရွာတိုင်းနီးပါး ပို့ချပေးရန်လို အပ်တယ်လို့လည်း ထင်မြင်မိပါတယ်’’ လို့ သင်တန်းသား ၁ ယောက်က မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ ပြုလုပ်တဲ့ ဒီသင်တန်းမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတစ်ယောက်က ဦးဆောင်ပြီးသင်ကြား ဆွေးနွေးခဲ့တာ ဖြစ်သလို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ လူ့အခွင့်ရေးရာ တာဝန်ခံ စုစုပေါင်း ၁၀၂ ယောက်ခန့် အပ်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံစီးပွားရေးကျဆင်းမှု၏ တရားခံ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က GDP တိုးတက်အောင်လုပ်ကြရန် ပြောကြား

အာဏာသိမ်းလိုက်လို့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ်လုပ်မှု  (GDP) တိုးတက်အောင် လုပ်ကြဖို့ ပြောဆိုခဲ့ပါတယ်။
Read More

မုံရွာရဲစခန်းအချုပ်မှာ LGBT နိုင်ကျဉ်း ၁ ယောက် ဆေးရုံတက်ရောက်ကုသခွင့်မရလို့ ရောဂါပြင်းထန်စွာနဲ့ ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်မှာ  LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်းမှာပဲ ဒီဇင်ဘာလ(၂၅)ရက်မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံး၊ အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးပြီး အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA သိမ်းပိုက်ထား

ဗန်းမော်အခြေစိုက် စစ်ကောင်စီ စကခ ၂၁ ရဲ့ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းများ နုတ်ထွက်ခွင့်ပြုခြင်းဟာ မက်လုံးပေးဝါဒဖြန့်ရုံသက်သက်ဖြစ်ကြောင်း CDM တပ်ကြပ်ကြီး နောင်ရိုးပြော

တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးအလင်းဝင်ရောက်တာမျိုးနဲ့ မြေပြင်မှာ ခက်ခက်ခဲခဲ တပ်သားစုဆောင်းနေရတာတွေ လျှော့ချတားဆီးနိုင်ဖို့ စစ်အုပ်စုက စစ်မှုထမ်းတပ်သား အနည်းအကျဥ်းကို လှည့်ဖျားဝါဒဖြန့်ရုံသက်သက် နုတ်ထွက်ခွင့်ပြုတာတွေ လုပ်ဆောင်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကို ပြောပါတယ်။