အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အဆိုပါအခမ်းအနားကို NUG မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးဇော်မိုးဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဒု၀န်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့အပါအ၀င် နိုင်ငံတကာနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ နယူးယောက်မြို့ရှိ မြန်မာနွယ်ဖွား တိုင်းရင်းသားတွေ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် တွန်အန်ဒရူး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် Ms. Giske Lillehammer၊ International Civil Society Action Network(ICAN) မှ ပရိုဂရမ်ဒါရိုက်တာ Ms. Helena Gronberg တို့က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပြည်သူအချို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပြီး တော်လှန်ရေးသီချင်းတွေ၊ မှတ်တမ်းရုပ်ရှင်ပြသခြင်းနဲ့ ကဗျာရွတ်ဆိုခြင်း အစီအစဉ်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် CDM အမျိုးသမီးတွေ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေ၊ ပဋိပက္ခ အခြေအနေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်ကျန်ရစ်သူ အမျိုးသမီးတွေရဲ့ ရုပ်ပုံနဲ့ စကားသံတွေ၊ မြန်မာ့ပဋိပက္ခနဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွါးဆိုင်ရာ ဆက်စပ်ပတ်သက်မှုတွေကို ထင်ဟပ်ပြသတဲ့မြေပုံ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပုံရိပ်တွေကို ခင်းကျင်းပြသခြင်း စတဲ့အစီအစဥ်တွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို Women Peace and Humanitarian Fund (WPHF), နဲ့ International Civil Society Action Network (ICAN) တို့ရဲ့ ပံ့ပိုးမှုနဲ့ Burma Advocacy Group (BAG), Gender Equality Network (GEN), Global Justice Center (GJC), Myanmar-WPS, New York City Burmese Community (NYCBC), Women Advocacy Coalition- Myanmar (WAC-M), Women Peace Network (WPN), Women’s League of Burma (WLB) တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိခြင်းသည် စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက်နိုင်ဟု NUG ပြော

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတာဟာ အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီအရေး ထိုင်းအစိုးရ ကြားဝင်ဖြေရှင်းသင့်ကြောင်း ထိုင်းအမတ် ကန်နာဝီ ပြော၊ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးထိခိုက်မှာကို ထိုင်း စိုးရိမ်နေဟု ဆို

အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ မေလ ၁၂ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ စာသင်ကျောင်းကို ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချသလို ထိုင်းအစိုးရအနေနဲ့လည်း ကြားဝင်မှုတွေ လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တိုက်တွန်းလိုက်ပါတယ်။
Read More

ထိုင်းလူမျိုးများအား ရိုက်နှက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦး ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး ဒဏ်ငွေနှင့် ပြေလည်

ထိုင်းလူမျိုး ပို့ဆောင်ရေးဝန်ထမ်းတွေကို စိန်ခေါ်ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ဒီနေ့ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရဲစခန်းကို သွားရောက်အဖမ်းခံ တောင်းပန်ခဲ့တယ်လို့သိရပြီး အာဏာပိုင်တွေက ဒဏ်ငွေအဆင့်နဲ့ အရေးယူခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
Read More

ပြည်တွင်းရေးစွက်ဖက်မှုအတွက် တရုတ်ကို သပိတ်မှောက်ဆန့်ကျင်ရေးတွေ ပြုလုပ်နေကြ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို သဘောမကျတဲ့ မြန်မာပြည်သူတွေဟာ ဖက်စစ်တော်လှန် တရုတ်ကိုအန်တု ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။