မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းဝန်းကျင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သား ၂၇ ယောက်ကို အရှင်ဖမ်းဆီးရမိထားကြောင်းနဲ့ ဖမ်းမိထားသူအများစုဟာ စစ်မှုထမ်းဆင်း တပ်သားတွေဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ (၉၉) နဲ့ စကခ (၁၇) လက်အောက်ခံ စစ်ကော်မရှင်တပ်သားတွေဟာ အာရက္ခတပ်တော် AA မဟာမိတ်တွေနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲတွေကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာကြရာမှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က အရှင်ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ၂၇ ယောက်ထဲ သန္ဓေစစ်သား အနည်းငယ်သာပါဝင်ပြီး အများစုဟာ နိုင်ငံတဝှမ်းက ပေါ်တာဆွဲ ဖမ်းဆီးခံထားရသူတွေဖြစ်ကာ စစ်မှုထမ်း အပတ်စဥ် (၇) ကနေ (၁၃) အထိ သင်တန်းဆင်းထားသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားတာ စစ်မှုထမ်းတွေများတယ်။ စကခ ၁၇ ကနေ တပ်ရင်း ၉ ရင်း လာတာမှာ သန္ဓေတပ်သားက ၄ ပုံပုံရင် ၁ ပုံပဲ ပါတယ်။ စစ်မှုထမ်းအပတ်စဥ် ၄၊ ၅၊ ၆ ကနေ စတွေရတာ။ သန္ဓေတပ်သားက ၁ ယောက်၊ ၂ ယောက် ထိန်းဖို့လောက်ပဲ ပါတယ်လို့ ပြောကြတယ်။ သူတို့တွေ ပြေးလာကြတာက တိုက်ပွဲကြားကနေ ကိုယ်လွတ်ရုန်းပြေးလာကြတာ၊ လက်နက်တွေပါဖို့မပြောနဲ့ ယူနီဖောင်းတွေပါ ချွတ်ပစ်ခဲ့တဲ့သူတွေရှိတယ်။ မိသားစုဆွေမျိုးတွေ မပါကြဘူး။ သူ့အစုနဲ့သူ ပြေးကြရင်းနဲ့ လူစုကွဲပြီး ကျနော်တို့ဖမ်းမိတာမျိုးပေါ့”လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေ၊ စည်းမျဥ်းတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အခုလို ဖမ်းဆီးထိန်းသိမ်းထားရတာ တာဝန်ကြီးတယ်။သူတို့အတွက် စားဝတ်နေရေးနဲ့ ထိန်းသိမ်းရေးတွေမှာတော့ တာဝန်ကြီးပါတယ်” လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကိုပြောပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေနဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ကြားဒေသတွေအပါအဝင် ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

PRA-Magway ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ (ဓာတ်ပုံ PRA-Magway)

0 Shares:
You May Also Like
Read More

တပ်မမှူးလိုက်ပါလာသည့် ကားကိုလာကြိုသည့် စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊လကတ (၂၀၃၆) တပ်က တပ်မမှူးလိုက်ပါလာတဲ့ကားကို လာကြိုတဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့

နေပြည်တော် MICC2 မှာပြုလုပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှားထူးဝေါ်အဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြောက်ဥက္ကလာ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်…

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။