ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မုန်းမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး ပြည်သူလူထု နေထိုင်ရာကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာ စက်တင်ဘာလ (၂၇) ရက် မွန်းတည့်ချိန်က အကြမ်းဖက်စစ်တပ်ဟာ ဝိုင်ကျေးရွာအတွင်း (Y-12)  လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှု ကြောင့် ကျေးရွာနေ အသက် (၅၂) နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ပြီး (၁၈) နှစ်အရွယ် မိန်းကလေးငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

မူးမြို့နယ်မှာလည်း စက်တင်ဘာလ (၂၄) ရက် ညပိုင်းက  အကြမ်းဖက်စစ်တပ်ဟာ ပရဲစီကျေးရွာအတွင်း (၈၁) မမ (၁) လုံး ပစ်ခတ်ခဲ့ရာ ပရဲစီ ကျေးရွာရှိ စစ်ဘေးစစ်ရှောင်နေတဲ့ ရေလဲကျေးရွာ (၄၃) နှစ်အရွယ်နဲ့ (၁၃) နှစ်အရွယ် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်မှ ကျောက်မဲမြို့နယ်သို့် ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA မှ စားနပ် ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်ကနေ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု တောင်ခြေကျေးရွာကို ရောက်ရှိ လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု အကူအညီတွေ ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် မီးလောင်၊ ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။