ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။

မောင်လှကြိုင်ဦးဆောင်တဲ့ BGF အဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစစ်ကြောင်းဟာ အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးခဲ့ကာ တိုက်ပွဲစတင်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“၂၂ ရက်နေ့ မနက် ၁၁ နာရီ လောက်ကနေစပြီး ဖြစ်တာပေါ့နော်။ သူချောင်းကိုယ်ချောင်းရင်း မီတာ (၁၀၀) ဝန်းကျင်ခန့်မှာ ကိုယ်ပစ်သူပစ် စပစ်ခဲ့ကြတာပါ။ တိုက်ပွဲက တစ်နေရာတည်းမှာပဲ ဖြစ်တာပါ။ ပစ်လိုက် ပြန်ဆုတ်လိုက်နဲ့ပေါ့ဗျာ… ၂၆ ရက်နေ့မှာ ကျနော်တို့ ရဲဘော် ထိခိုက်ဒဏ်ရာရလို့ ကျနော်တို့တပ် ပြန်ဆုတ်ခွာခဲ့တယ်” လို့ နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တက်တူးက မောင်းကို ပြောပါတယ်။

အပြန်အလှန် ပစ်ခက်ရာမှာ စစ်တပ်ဘက်က (၁၀) ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း (၆) ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်ရဲ့ BGF အဖွဲ့တွေထံကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ စစ်ကူအင်အားတွေ ရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်တွေက ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

“စခ တွေက ကမောင်ဘက်ကလာပြီး BGF က မောင်လှကြိုင်နဲ့ ပူးပေါင်းပြီး ကျနော်တို့ကို စစ်ကြောင်း ထိုးလာတာပါ။ မောင်လှ‌ကြိုင်ဦးဆောင်တဲ့ BGF အဖွဲ့ နဲ့ စကစ က စစ်အင်အားတွေ ထပ်မံဖြည့်တင်း ပြင်ဆင်နေတယ်။ တပ်အင်အား စစ်ကူတွေလည်း ဖြည့်တင်းနေတယ်လို့ သတင်းရရှိထားပါတယ်။ သူတို့အနေနဲ့ကတော့ အင်အားဖြည့်တင်းပြီး ရှေ့ဆက်တတ်မယ့်အနေအထားရှိပါတယ်။  အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းတွေ တခြားနေရာတွေကပါ ထိုးလာနိုင်ပါတယ်” လို့ ဗိုလ်တက်တူးက ဆက်ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တွေကို ဆေးဝါးကုသဖို့နဲ့ ခဲယမ်းတွေဖြည့်တင်းဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းက စစ်တပ်ရဲ့စခန်းတွေဖြစ်တဲ့ မထော၊ ဆင်စွယ်၊ တောင်သုံးလုံး၊ နိုဘော်ထီး၊ ကတိုင်တိ၊ မဲပလီ စတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာလည်း နဂါးနက်စစ်ကြောင်းက KNU၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသည့် Black Dragon Column ရဲဘော်များ (ဓာတ်ပုံ Black Dragon Column)

0 Shares:
You May Also Like
Read More

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဧပြီလ တစ်ဖက်သတ် အပစ်ရပ်မည်

စစ်ကိုင်းမြို့နယ်ကို အခြေပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မှာ နွံကန်ပြိုကျလို့ လူနေအိမ် ၅၀ ကျော်နစ်မြုပ်ကာ လူသေဆုံးမှုများ ရှိနေ

ဖားကန့်က ဆိပ်မူမှာ နွံကန်ပြိုကျလို့ လူနေအိမ် ၅၀ ကျော်နစ်မြုပ်သွားပြီး လူသေဆုံးမှုများလည်းရှိကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ကာကွယ်ရေးနှင့် တော်လှန်ရေးအတွက် တပ်ဖွဲ့နှင့် ကင်းကွာနေသည့် ရဲဘော်များ ပြန်လည်လက်တွဲရန် မိုးကုတ်ဗျူဟာ ဖိတ်ခေါ်

မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေခဲ့တဲ့ ရဲဘော်တွေအားလုံးကို ပြန်လည်ဖိတ်ခေါ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်လာပါတယ်။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မတ္တရာအရှေ့တောင်ဘက်ကို စစ်အုပ်စု ဂျက်ဖိုက်တာများဖြင့် ဗုံးသီးအလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။