ကရင်ပြည်နယ်အတွင်း မောင်လှကြိုင်ဦးဆောင်တဲ့ BGF အဖွဲ့၊ စစ်ကော်မရှင် ပူးပေါင်းအင်အား ၃၀၀ ခန့်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Black Dragon Column က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ အထက်ပါ စစ်အုပ်စုနဲ့ မီတာ ၁၀၀ ခန့်အကွာကနေ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန်ရေးရဲဘော် ၆ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်၊ BGF ပူးပေါင်းအဖွဲ့ဟာ လက်နက်ကြီး၊ ဒရုန်းနဲ့ စစ်ကူအင်အား အများအပြား အသုံးပြုကာ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ ၄ ရက်တာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ထပ်မံအင်အားဖြည့်တင်းပြီး ရှေ့သို့ စစ်ကြောင်းထိုးဝင်ရောက် လာနေတဲ့အတွက် ခဲယမ်းဖြည့်တင်းနိုင်ဖို့နဲ့ ဒဏ်ရာရရဲဘော်တွေကို ဆေးဝါးကုသပေးနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့လည်း Black Dragon Column က အသိပေးထုတ်ပြန်ထားပါတယ်။


Video – Black Dragon Column

 

0 Shares:
You May Also Like
Read More

စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုးနယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ တောင်သာ PDF မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF) မှ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုး နယ်မြေတွေအား ထိန်းချုပ်နိုင်ဖို့ အပတ်စဉ် (၉)အတွက် တပ်သားသစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်ဖို့ အသံချဲ့စက်ဖြင့် ကြေညာနေ (ရုပ်/သံ)

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၁ ယောက် ပြုတ်ကျဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေ သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့ယ်အတွင်း ပြည်သူနေအိမ်တွေ မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိမှု မှတ်တမ်း (ရုပ်/သံ)

ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများပါ ရရှိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းကို စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။