အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်တွေဟာ စက်တင်ဘာလ ၇၊ ၁၃၊ ၁၈ ရက်နေ့တွေမှာ မြေပြင်နဲ့ ဝေဟင်ကနေ ထိတွေ့တိုက်ပွဲတွေ (၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ(၇)ရက်နေ့မှာ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးက စစ်တပ်ရဲ့ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီ (၂၀) မိနစ်မှာလည်း ရေးမြို့နယ်၊ နှစ်ကရင်လမ်းဆုံအနီးက စစ်တပ်ရဲ့ ကင်းပုန်းနေရာတွေနဲ့ မော့ကနင်ရွာအနီးက ကွမ်ကျိုက်ဂိတ်စခန်းကို ဗုံးသီး(၂) လုံး ဝင်ရောက်ကြဲချတိုက်ခိုက်နိုင်ခဲ့ကာ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ (၁၈) ရက်နေ့ မနက်(၁၀)နာရီမှာလည်း သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးက စစ်တပ်ရဲ့ ကင်းပုန်းတွေကို ပြောက်ကျားစစ်ဆင်‌‌ရေးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ကော်မရှင်လက်အောက်ခံ တပ်တွေက စစ်သား (၄) ယောက်သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အဆိုပါတိုက်ပွဲဝင်တွေမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ်တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

MSFC ရဲ့ ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတွေကတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နဲ့ ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့ဖြစ်ပြီး စစ်ရေးတွေကို မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တို့မှာ ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါမြို့မြောက်ဘက်ရှိ ရွာစည်(ရွာဟောင်း) ရွာကို အကြမ်းဖက် ခလရ ၅၀တပ် ဝင်ရောက်စီးနင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။
Read More

အင်းစိန်မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ "အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ" လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ အင်အားဖြည့်ရောက်ရှိလာခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) ဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။ အဆိုပါ အောင်ဇေယျစစ်ကြောင်းကနေ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်း အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူနဲ့ မြိုင်အစပ်က ကျေးရွာတွေကို အထိနာနေတဲ့ စစ်အုပ်စု စစ်​ကြောင်းဝင်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။