ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က မျက်မြင် ၇ ယောက်သေဆုံးကာ စက်တပ်လေထီး ဗုံးကြဲရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းကစလို့ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကနေ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ ၁ ရက် ညပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးပစ်ခတ်ကာ ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“တိုက်ပွဲက ၄ ကြိမ်ဖြစ်တာ နားလိုက်ဖြစ်လိုက်ပါ။ သူတို့ တက်မလာနိုင်အောင် တားခဲ့တာပေါ့။ လက်ရှိတော့ သူတို့ ကြို့ကိုးပင်ရွာကိုဝင်ပြီး ကြို့ပင်ကောက်ဘက် ပြန်ဆုတ်သွားပါပြီ” လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ မင်းလှမြို့အခြေစိုက် ခလရ (၁) စိန့်ကန့်လန့်က စစ်သားတွေနဲ့ ကွင်းချောင်းရွာ ပျူစောထီးတွေ ပါဝင်ခဲ့တာဖြစ်ပြီး သူတို့ပြန်လည်ဆုတ်ခွာချိန်မှာ ကိုင်းကြီး၊ ကိုင်းလေးနဲ့ မအူတန်းရွာတွေဆီ စက်တပ်လေထီးနဲ့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို သာယာဝတီခရိုင် ပကဖ အမှတ်(၁) တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၃၊ သာယာဝတီခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ (Tharyarwaddy District UAV Force)၊ သာယာဝတီခရိုင်အမှတ် (၁) တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်း တပ်ခွဲ ၄ အုတ်ဖိုမြေအောက် ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၆ Black Dragon GBK PDF ၊ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်း တပ်ခွဲ ၅ နဲ့ ဇီးကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးကို ပြန်တိုက်မည့် အလင်းဝင် တပ်သားများ သင်တန်းဆင်းပွဲ

အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဒုတပ်ကြပ် လက်နက်နှင့်တကွ ယောကာကွယ်ရေးတပ်ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မှာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။