မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA ထံက သိရပါတယ်။

အောက်တိုဘာ ၂ ရက် ညနေပိုင်းက အထက်မင်းလှမြို့နယ် လင်းကယ်ရဲစခန်း အနီးတဝိုက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အင်အား ၁၀၀ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ ဖောကားတွေကို သရက်-မင်းလှလမ်းပိုင်းရဲ့ ဒဟတ်ပင်ရေနှံမှော်အနီးမှာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အသင့်စောင့်ကြိုပြီး လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တာကြောင့် ၃ မိနစ်တာ ပစ်ခတ်မှုအတွင်း ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေဘက်က ပြန်လည်ပစ်ခတ်နိုင်ခဲ့တာမျိုးမရှိဘဲ ထိခိုက်သေဆုံးမှုတွေသာ ရှိခဲ့ပါတယ်။

“တိုက်ခိုက်ခံရ‌တဲ့နယ်မြေကို မကြာခင် စစ်ကြောင်းထိုးပြီး နယ်မြေလာရှင်းမယ်ဆိုပြီး အပြန်လမ်းတလျှောက်က စစ်တပ် ထောက်ခံအားပေးတဲ့သူတွေကို အားပေးစကားပြောသွားပါတယ်။ အခြားဒေသခံတွေကိုတော့ တွေ့ကြသေးတာပေါ့ဆိုပြီး ကြိမ်းမောင်းသွားပါတယ်” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းကိုပြောပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာ ဒဟတ်ပင် ရေနံမှော်အနီးနားကို စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်တာမျိုးတွေ လုပ်ဆောင်နိုင်တာကြောင့် အရပ်သားတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၂၂ ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ ကျန်ရစ်ကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အင်အား ၁၈၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ ဒေသခံ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက်၂၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာကြီး (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက  ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာ ကြီး ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊ တပ်ခွဲ(၂) ထံက သိရပါတယ်။