တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းက လောင်းလုံးမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ပညာရေးမှူးရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲ ၂ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် မြေပြင်အခြေအနေအရ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို  နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ  ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၇ (LPF) နဲ့အတူ  မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA)၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

Video – နည်းဗျူဟာ ၃၃

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။
Read More

နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးထွက်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

နေပြည်‌တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရတနာမြေကျေးရွာအနီး နယ်မြေရှင်းလင်းရေး ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ မြို့သစ်ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမ ရွှေစက်တောဘုရားအဝင် ၃ မိုင်ဂိတ်အနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးမြို့နယ် ပုသိမ်-မုံရွာလမ်းမ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးမှာ နိုဝင် ဘာ ၂၇ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Special Ranger Force အဖွဲ့ထံက သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။