ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် ညနေ ၅နာရီလောက်မှာ KIA က ကား ၄စီးနဲ့ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာနားက အဲဗားမြေစာပုံမှာ တပ်သားစုဆောင်းမှု လုပ်ဆောင်ရာ ထွက်ပြေးတိမ်းရှောင်သူတွေထဲက အသက် ၂၇ နှစ်အရွယ် ကိုမျိုးလှိုင်ဝင်း မြေစာပုံပေါ်ကနေ ပြုတ်ကျ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မြေစာပုံဆိုတာ ကျောက်ကုမ္ပဏီတွေ တူးဖော်စွန့်ပစ်ထားတဲ့ မြေစာမြေသားပုံဖြစ်ပြီး အဲဒီမြေစာပုံမှာ ကုမ္ပဏီဝန်ထမ်းတွေ ရှာမတွေ့ခဲ့တဲ့ ရေမဆေးကျောက်တွေကို အရပ်သားပြည်သူတွေက သွားရောက်ရှာဖွေကြတာ ဖြစ်ပါတယ်။

အဲဒီနေ့ ညနေ ၆ နာရီလောက် ကောင်းစံရွာဘက်မှာလည်း လိုက်လံစုဆောင်းခဲ့တာရှိတယ်လို့ ဆိုပါတယ်။ “ကောင်စံမှာလည်း စုဆောင်းရေးဆွဲသွားလို့ စိန်လုံတောင်ထဲမှာ ပြေးကြပုန်းကြ။ အကုန်လုံး ကား ၄ စီး နဲ့ လာဖမ်းတာ။ ၃ စီးတော့ ပြန်သွားပြီ။ တစ်စီးတော့ ကောင်စံဘက်ကို ပြန်ဖမ်းနေတယ်တဲ့။ ရေကန်ထဲမှာ ပုန်းနေတဲ့လူတွေလည်း အများကြီးပဲ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို မနေ့က ပြောပါတယ်။

မြေစာပုံပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သည့် ကိုမျိုးလှိုင်ဝင်း

အရင်ကတည်းက တပ်သားသစ်စုဆောင်းတာတွေ လုပ်လေ့ရှိခဲ့ပေမယ့် စက်တင်ဘာလလောက်မှာ ပိုမိုလုပ်ဆောင်လာတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။“သူတို့က သင်တန်းကွင်းမှာ ၃၀၀ ဆို ၃၀၀ ပြည့်ရင် ရပ်လိုက်တယ်။ အခုတော့ ဘယ်လောက်ထိလိုလဲတော့ မသိဘူး။ တောက်လျှောက်ဆွဲတယ်” နောက်ထပ်ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒီလို ဖားကန့်မှာ တပ်သားသစ်စုဆောင်းမှုနဲ့ ပတ်သက်ပြီး  “စစ်သားစုဆောင်းတာကတော့ စည်းရုံးတဲ့နည်းနဲ့ ကျွန်တော်တို့ စုဆောင်းတာများပါတယ်။ စုဆောင်းတာကတော့ ကချင်လူမျိုးတွေကို အဓိက စုဆောင်းတာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေ အားလုံးကို စည်းရုံးပါတယ်”လို့ ဘီဘီစီရဲ့အမေးကို  KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်ဖြေထားတာ တွေ့ပါတယ်။

စစ်အာဏာသိမ်းပြီးစ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေမှာ တပ်သားသစ် လိုက်လံစုဆောင်းစရာမလိုဘဲ လူငယ်တွေ စိတ်အားထက်သန်စွာ ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ခဲ့ကြပေမယ့် ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေမှာတော့ ဝင်ရောက်လာခြင်း မရှိတော့တာကြောင့် အခုလို ဖမ်းဆီးစုဆောင်းမှုတွေ လုပ်ဆောင်လာတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁လကျော်အတွင်း သေဆုံးသူ ၁၀ယောက်အထိရှိလာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းက​ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ၁ လ ကျော်အတွင်း အရပ်သား ၁၀ ယောက်သေဆုံးကာ ၂၉ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းအစပ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ပြားတွေ ထည့်သွင်း အသုံးပြုနေတယ်လို့ KNDF ပြော

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတိပေး ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
Read More

မွန်ဒေသတွင် ဩဂုတ်လအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၃ ပါး ပျံလွန်တော်မူခဲ့

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မွန်ပြည်နယ်မှာ စစ်အုပ်စုရဲ့ အကြောင်းမဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ၅ပါးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ကနေ ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်ကောင်စီအဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် ဗိုက်ပွင့် သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်အုပ်စုတွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ယောက် ဗိုက်ပွင့်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရ​ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။