တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား (၁) ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁) ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၅ တပ်ရင်းက စစ်မှုထမ်း စစ်သား (၁) ယောက် K.N.L.A တပ်မဟာ (၄)၊ K.N.D.O တပ်ရင်း (၇)၊ တပ်ခွဲ (၃)ထံ MA1 (၁) လက်နဲ့ အလင်းဝင် ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သားဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲ စုဆောင်းခံရပြီးနောက် စစ်မှုထမ်းခဲ့ရသူဖြစ်ပြီး ရှေ့တန်းပို့ခံရချိန် ထွက်ပြေးကာ အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အခုလိုအကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်တပ်အတွင်းက စစ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းဖို့ကိုလည်း KNU က တိုက်တွန်းထားပါတယ်။

K.N.L.A တပ်မဟာ (၄)၊ K.N.D.O တပ်ရင်း (၇)၊ ထံ ထပ်မံဘက်ပြောင်းခိုလှုံသည့် အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သား (၁) ဦး
0 Shares:
You May Also Like
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
Read More

လယ်ဝေးနယ်တွင် ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်သည့် စစ်အုပ်စု တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာ နန်းချိုးချောင်း ရေကျော်မှာ ဂိတ်ဖွင့်ပြီး အတင်းအဓမ္မဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  ဝရဇိန်တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင် နယူးယောက်မှာ ရုံတင်ပြသမယ်

တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။