ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂ ရက် မနက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့  အမှတ် ၈ ရပ်ကွက်၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီးနဲ့ လူနေရပ်ကွက်ပေါ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာအနီးရှိ စစ်ဘေးရှောင်ပြည်သူ ၃ ယောက်သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ရက်တည်းမှာပဲ မန်တုံမြို့ရှိ ယခင် စစ်ကောင်စီရဲ့ ခလရ ၁၃၀ တပ်ရင်းကိုလည်း တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရေယာဉ်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရေယာဉ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ 5/ Commando Force ကသတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိုးတိန်တွင်းရွာ ကလေးငယ်များအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြာကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီသယ် ယာဉ် ၄၃ စီးနဲ့ သံပြားကာယာဉ် ၅ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနီး ပဒေသာပွိုင့် ၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားများစွာ အလံဖြူထောင် အညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက အာရက္ခတပ်တော် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာပေါင်းများစွာ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။